Part-4

485 31 0
                                    


အလွမ်းဒဏ္ဍာရီ

Ep-4

ရှောင်း။ ။" မင်းကြိုက်တာ လုပ်လို့ရတယ် ဝမ် တစ်ခုပဲ ဘာပဲ လုပ်လုပ် နောင်တ မရစေနဲ့"

ရိပေါ်။ ။"ok! ဦးသူ အနိုင်ယူကြေးပေါ့ ပြီးတော့ ပွဲစစချင်းပဲ ကျွန်တော် နိုင်နေပြီနေ ဟောဒီက ခင်ဗျားရဲ့ ဟန်းဖုန်းလေး ကျွန်တော် သိမ်းလိုက်ပြီ"

ရှောင်း။ ။"ဘာကွ!"

ရိပေါ်။ ။"ဦးသူ အနိုင်ယူကြေးလေ ဟက်"

ရိပေါ် သူ၏ မူပိုင် တစ်ခြမ်းပြုံးလေးဖြင့်

Xz pov::စောင့်နေလိုက်ပါ မင်းအလှည့်ဆိုတာလည်း ရှိလာဦးမှာ::

အောက်ထပ်တွင်

ဝမ်ပါး။ ။"ထမင်းစားဖို့ သွားခေါ်ခိုင်းလိုက်တာကို ဘာလို့ ခုထိ ဆင်းမလာကြသေးတာလဲ မလှ လိုက်သွားကြည့်ပါဦး"

ကြီးကြီးလှ။ ။"ဟိုမှာ ဆင်းလာပါပြီတော် မင်းတို့ကလည်းကွယ် ကြာလိုက်တာ ဒီမှာ မင်းအဖေစောင့်နေတယ် ဝမ်လေးရယ် အချိန်တွေ နှောင့်နှေးကုန်ပြီ"

ရိပေါ်။ ။"ကြီးလှကလည်း အဲ့တာ သားကြောင့် မဟုတ်ပါဘူး ဦးကြီးရှောင်း ကြာနေတာ"

ဝမ်ပါး။ ။"ဆင်ခြေ မပေးနဲ့ လာထိုင် ကျန့်ကျန့်နဲ့ မင်းတို့ အားလုံးကို မိတ်ဆက်ပေးမယ်"

ဟောက်ရွမ်းကတော့ သူနှင့် မဆိုင်သလို မျက်နှာ လွှဲထားသည်

ဝမ်ပါး။ ။"ဟျောင့် ဝမ်ဟောက်ရွမ်း"

"ဗျာ ပါး"

"ငါ့ကိုနော် မထိလေးစား မလုပ်နဲ့ ဒီကိုကြည့် ဒါက နောက်ဆိုရင် ငါတို့ရဲ့ မိသားစုဝင် ဖြစ်တော့မယ့် ရှောင်းကျန့်"

ဝမ်ပါးက ကျန့်ကျန့်အား ညွှန်း၍ ပြောသည်

"ကျန့်ကျန့် ဒါက ဦးရဲ့ သားနှစ်ယောက် ဝမ်ဟောက်ရွမ်းနဲ့ ဝမ်ရိပေါ်တဲ့"

ညီအစ်ကိုနှစ်ယောက် မချိုမချဉ် မျက်နှာနှင့်

"ပြီးတော့ ဒါက ကြီးကြီးလှ မင်းလိုအပ်တာ ရှိရင် ကြီးလှကိုပြော အဆင်မပြေတာရှိရင်တော့ ဦးကိုပြော ဦးလိုလေသေး မရှိအောင် ပြင်ဆင်ပေးမယ်"

အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]Where stories live. Discover now