EP-9

309 22 0
                                    


အလွမ်းဒဏ္ဍာရီ

EP-9

"ညလေးက ချစ်စရာ ကောင်းတယ်နော် ဝမ် အိပ်ပစ်ရမှာ နှမြောစရာကြီး"

"ဒါဆို မင်းနဲ့ အဆိပ်မယ်ကြားက ဇာတ်လမ်းကို ငါ့ကို ပြောပြနိုင်မလား"

"ဝမ့်သဘောပါ ဝမ် နားထောင်ချင်ရင် ပြောပြမယ်လေ.."

ရှောင်းကျန့် အသက်ဝဝ ရှူလိုက်ကာ...

"အဆိပ်မယ်က. အရင်တစ်ချိန်တစ်ခါက ကျွန်တော် အရမ်းချစ်ခဲ့ရ‌တဲ့သူပေါ့ဗျာ"

ထိုစကားကိုကြားတော့ ရိပေါ် လုံးဝမကြိုက်ဘူး သူကလွဲရင် ရှောင်းကျန့် အခြားတစ်ယောက်ကို ချစ်ခဲ့တာကို လုံးဝ မလိုလား

"အဆိပ်နဲ့ ကျွန်တော်တို့ နေ့လည်က သွားခဲ့တဲ့ လယ်ကွင်းပြင်မှာ စတွေ့ခဲ့တာပေါ့ အဲဒီတုန်းက သူ့ရဲ့ ချိုချိုသာသာ စကားတွေကို ကျွန်တော် ယုံကြည်ခဲ့မိတာ

ကျွန်တော် သူ့ကို ချစ်ပေးခဲ့တယ် တန်ဖိုးထားပေးခဲ့တယ် ဒါပေမယ့် သူမက ကျွန်တော့်အပေါ် သစ္စာ မရှိဘူး"

ကျန့်ကျန့် ကျလာသည့် မျက်ရည်အား လက်ဖမိုးဖြင့် သုတ်လိုက်ပြီး

"သူက ကျွန်တော့်ပထွေးနဲ့ ဖောက်ပြန်နေခဲ့တယ်လေ မားတောင် မသိခဲ့ဘူး သူက မဖြူစင်တော့တဲ့ မိန်းမ ကျွန်တော့်ကို လိမ်ညာလှည့်ဖြားခဲ့တဲ့ မိန်းကလေး ကျွန်တော့်အချစ်ကို စော်ကားခဲ့တဲ့သူ

ဒီကိစ္စက နားထောင်ရင်သာ ရိုးရိုးရှင်းရှင်းလေး ဒါပေမယ့် ခံစားရတဲ့ ကျွန်တော့်အဖို့ ဒါဟာ သိပ်နာကျင်ဖို့ကောင်းတယ်

ဝမ်းနည်းနာကျင်တယ်ဆိုတာထက် မုန်းတီးနာကျဉ်း သွားခဲ့တာပါ ဝမ် အဲဒါကြောင့် ဝမ့်ကို ပြောခဲ့တာ မိန်းမတွေကို လွယ်လွယ်နဲ့ မယုံပါနဲ့လို့

ဆူးဆိုတဲ့ မိန်းကလေးကို ဝမ်ဘယ်လောက်ထိ မြတ်နိုးလည်း ကျွန်တော် သိပါတယ် ဝမ် ဝမ်နဲ့ ကျွန်တော်က လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မပိုင်ဘူးလေ

ကျွန်တော် ဝမ်နဲ့ဆူးရဲ့ကြားက ကိစ္စကိုလည်း ဝင်စွက်မဖက်ချင်ဘူး ဒါပေမယ့် ဝမ် ဆူးကို အရမ်း မယုံကြည်ဖို့ ပြောချင်တယ်ဗျာ"

အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]Donde viven las historias. Descúbrelo ahora