Part-25

267 12 0
                                    

အလွမ်းဒဏ္ဍာရီ

EP-25 { Please Don't Copy ‼️}

"ပါးပါး..ပါးပါး.."

ရှောင်းကျန့်တစ်ယောက် အိမ်ပေါ်ထက်မှာ ခေတ္တအနားယူနေတုန်း ကျောင်းမှ ပြန်လာဟန်တူသော သားငယ်၏ အသံကြောင့် လန့်နိုးလာခဲ့သည်

ရိအယ်လေးက ခုဆို ၄နှစ်ခွဲထဲမှာ..သူငယ်တန်းတောင် တက်နေပြီ..အယ်..စကားလေးတော့ သိပ်မပီဘူး

ရှောင်းကျန့် သားဖြစ်သူအသံကြောင့် အောက်ထပ်ကိုဆင်းလာခဲ့တော့ ရိအယ်က သူ့လွယ်အိတ်ကို ဆိုဖာပေါ် ပစ်တင်ကာ ရှောင်းကျန့် ခြေထောက်ကို ကိုင်ပြီး ချွဲပါတော့သည်

"ပါးပါး တားတား ဗိုက်ရှာပြီ.."

"ဟင် ဟုတ်လား သားသားဗိုက်ဆာပြီလား ပါးပါး သားအတွက် ပုစွန်ချက်ထားတယ် စားတော့မလား"

ထိုအခါ ရိရှောင်းက သိပ်ပျော်သွားဟန်ပေါ်ပြီး သူ၏ လက်မသေးသေးလေးအား သူ့ပါးပါး မြင်သာအောင် မြှောက်ပြရင်း

"ရေးးး.. Awesome.."

ဆိုကာ ထမင်းစားခန်းထဲ ပြေးဝင်သွားတော့သည်

"ရိအယ် ..လက်ဆေးဦးလေ.."

ထိုအခါ ရိရှောင်းက ထမင်းစားခန်းထဲကနေ ခေါင်းပြူထွက်၍

Yixiao,,"ပါးပါး တားနာမည်က ရိရှောင်း ဟုဝူး တားနာမည်က Boboiboy,,"

ဆိုပြီး ‌ထမင်းစားခန်းထဲ ထပ်မံပြေးဝင်သွားတော့သည်

သားငယ်ပြောသွားသည့် စကားကြောင့် ရှောင်းငယ် အနည်းငယ် ပြုံးမိသွားသည်  ဒီကောင်လေးက ခုတ‌လော ကာတွန်းဇာတ်ကောင်တစ်ခုကို အရမ်းရူးနေတာ..

*လူစွမ်းကောင်းလေး ဘိုဘိုဘွိုင်း* ဆိုတဲ့ cartoonကိုကြည့်ပြီး ဘိုဘိုဘွိုင်းပြောတဲ့ awesome(မိုက်ပကွာ) ဆိုတဲ့ စကားကို အရမ်းပြောတာ

ချစ်ဖို့ကောင်းတာကလည်း ဝမ့်အတိုင်းပဲ..
ဟူး မေ့ပစ်ဖို့ကြိုးစားထားတဲ့ လူအကြောင်းကို ပြန်ပြီး အစဖော်မိပြန်ပြီ

မေ့ပစ်မယ်သာ ပြောတာပါ ဝမ့်ကို တစ်ရက်မှ မေ့မရခဲ့ဘူး အချိန်တိုင်း .နာရီတိုင်း..မိနစ်တိုင်း..စက္ကန့်တိုင်းမှာ ဝမ်ဆိုသည့် လူသားက သူ့အာရုံကို အပိုင်စား အုပ်စိုးထားသည်

အလွမ်းဒဏ္ဍာရီ (အလှမျးဒဏ်ဍာရီ ) [Complete]Dove le storie prendono vita. Scoprilo ora