Lavender

1.2K 99 13
                                    



(လာဗင်ဒါ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(လာဗင်ဒါ)

လေတစ်ဖြူးဖြူးတိုက်ခတ်လာပီးခြံဝန်းထဲရှိလာဗင်ဒါပန်းရံ့များကိုသယ်ဆောင်သွားသည်။လေတွေပိုကြမ်းလာတာမလို့ခြံနောက်ဘက်မှာလှမ်းထားတဲ့ဖျင်ထည်တွေရုတ်ရန်ဆော့ဂျင်အိမ်ပြင်ကိုထွက်လာလိုက်သည်။

" သား..လှမ်းထားတဲ့ပဲစေ့တွေလည်းအုပ်လိုက်ပါအုံးကွယ် "

" ဟုတ်ကဲ့အမေ "

ဖျင်ထည်တွေကိုရုတ်ပီးပဲတွေကိုပါအုပ်ပီးတော့လေတွေထပ်မတိုက်တော့ညှို့နေတဲ့မိုးသားတွေဟာလည်းလွင့်ပျယ်ကုန်သည်။ဆော့ဂျင်စိတ်ကုန်စွာပဲတွေကိုပြန်လှမ်းရပြန်သည်။ရာသီဉတုကလူတွေကိုကြည်စယ်စရာများမှတ်နေသလားထင်ရသည်။

ခြံရှေ့ကမောင်းသွားတဲ့မြင်းလှည်းတစ်စီး..သူတို့ရွာလေးထဲမှာကုန်သည်ကြီးကလွဲရင်ဒီလိုမြင်းလှည်းရှိတဲ့ချမ်းသာတဲ့သူမျိုးမရှိပါ..ဆော့ဂျင်အိမ်ပြင်ကိုထွက်ကြည့်လိုက်တော့မြင်းလှည်းကအိမ်ဟောင်းကြီးမှာရပ်သွားတာဖြစ်သည်။တော်ရုံလူတောမဟုတ်တန်ရာ..အဲ့အိမ်ကြီးကဘုရင့်နန်းစွန့်သမီးတော်နေသွားခဲ့တဲ့အိမ်ဖြစ်သည်။

‌" သားရေ..မခြောက်သေးတဲ့ဖျင်ထည်တွေပြန်လှမ်းပေးပါအုံး "

" ဟုတ်ကဲ့.အမေ "

မြင်းလှည်းတံခါးပွင့်သွားပီးဘယ်သူမှထွက်မလာသေးပါ..ဆော့ဂျင်စောင့်ကြည့်ချင်သော်လည်းအမေ့ရဲ့အော်သံကြောင့်သူခြံထဲပြန်ဝင်လာရသည်။

.

.

.

လွင်ပြင်တစ်ခုလုံးသူတစ်ယောက်တည်းရှိနေပီးလေတစ်ဖြူးဖြူးတိုက်ခတ်ကာဆော့ဂျင်အညိုရောင်ဆံနွယ်ရှည်တွေလွင့်နေသည်။ရောင်စုံပန်းရိုင်းပင်လေးတွေကိုစွဲနုပ်ပီးလက်ကောက်ကောက်ကလေးတွေဟာအငြိမ်မနေ..ထရပ်ပီးလှည့်လိုက်ချိန်နောက်မှာရပ်နေတဲ့လူတစ်ယောက်ကြောင့်လန့်ကာမြေပြင်ပေါ်ဖင်ထိုင်ရက်လဲကျသွားသည်။

ခရမ်းနုရောင်လွင်ပြင်~~Where stories live. Discover now