အဲ့နေ့.
အချိန်ပိုင်းအလုပ်.လုပ်တဲ့ဆိုင်ကအပြန်မိုးစက်တွေလည်းကျနေပီးထီးလည်းပါမလာလို့ဆဲရေးဆိုမိသေးတယ်..ဆိုင်ပေါက်ဝမှာရပ်စောင့်နေရင်းထီးကိုင်ပြီးပြေးလာတဲ့မင်းကိုတွေ့တော့..ငါ့ရင်တွေဗြောင်းသက်သွားတယ်ဆိုတာဝင်ခံပါရစေ..
ဆိုင်အမိုးလေးကိုဝင်လာပီးငါ့ကိုခပ်စူးစူးကြည့်နေတဲ့မင်းကြောင့်ငါအပြစ်လုပ်ထားတဲ့ကလေးလေးလိုခေါင်းငုံ့ထားမိတယ်..
" hyung.ထီးမယူလာပြန်ဘူးမလား. "
မင်းစကားကိုခေါင်းသာငြိမ့်ပြခဲ့မိသည်.။
" ကျတော်သာမလာရင်မိုးရေထဲပြန်မှာပေါ့ဟုတ်လား..လူကတစ်ခြားသူနဲ့တူတာကျနေတာပဲ"
"ငါမိုးတိတ်တဲ့ထိစောင့်ပီးပြန်မှာပါjung kook"
"အဲ့လိုပေါ့တီးပေါ့စနဲ့.စိတ်ပူရတာမတန်ဘူး"
ဒေါသသံစွတ်နေတဲ့မင်းရဲ့ခပ်ရှရှအသံလေးမှာငါရင်တွေခုန်လိုက်ရတာ..အပြင်ကိုသာအကြည့်လွှဲသွားတဲ့မင်းကငါ့အပြုံးတွေကိုတော့မမြင်လိုက်ဘူး.။
အဲ့နေ့ကမင်းထီးကိုင်ထားပီးမိုးတိတ်မှငါ့နဲ့အတူလိုက်ပြန်တယ်.။
.
.
ကျောင်းကပေးတဲ့ပရောဂျက်အတွက်ကေးနဲ့အတူစာကြည့်တိုက်မှာအချိန်ကုန်နေခဲ့တယ်.။ကေးကစာအုပ်တွေဖတ်နေပေမယ့်ငါမျက်လုံးတွေမှေးစင်းပီးအိပ်ပျော်သွားတယ်.။ပါးပြင်ကိုလာထိကပ်တဲ့အေးစက်စက်အထိအတွေ့ .ကေးကသူ့ပါးပေါ်ကိုနှာခေါင်းနဲ့ပွတ်ဆွဲပီးစတယ်.။ကေးပုခုံးကိုသူဖြတ်ရိုက်ပီးရယ်မိသည်.။