✧*̥˚Merry Christmas*̥˚✧

455 65 19
                                    

ခြေအိတ်အနီတွေကိုမီးဖိုလေးရှေ့ချိတ်လိုက်ပြီးခရစ်စမတ်သစ်ပင်ကမီးလေးတွေကိုထွန်းလိုက်သည်။ကွတ်ကီးတွေကိုစားပွဲညိုလေးပေါ်တင်လိုက်ပြီးဓာတ်ပြားစက်ကိုဖွင့်လိုက်သည်။အိမ်ထဲပျံ့လွင့်လာတဲ့ခရစ်စမတ်သီချင်းသံလေးကိုနားထောင်ရင်းမီးလင်းဖိုထဲထင်းတွေထပ်ထည့်လိုက်သည်။

အိမ်ရှေ့ကဘဲလ်သံကိုကြားတာနဲ့ဆော့ဂျင်မီးဖိုဘေးကထသည်။အိမ်ထဲကိုဝင်လာတဲ့ဂျွန်ကပါးကိုနမ်းလာသည်။ကုတ်ကိုချွတ်ပြီးလက်တစ်ဖက်တည်းနဲ့သူ့ခါးကိုထိန်းပွေ့လာသည်။

"Merry Christmas Honey~~"

"Merry Christmas Jeon~~"

နှင်းတွေတင်နေတဲ့ကုတ်ကိုဂျိတ်မှာချိတ်လိုက်ပြီးဂျွန်နဲ့အတူညစာစားသည်။ဝိုင်နဲ့နှက်ထားတဲ့သိုးသားဟင်းကိုဂျွန်ကလက်မတစ်ထောင်ထောင်နဲ့ချီးကျူးရင်းစားသည်။မရောနိစ်တွေစမ်းထားတဲ့ဆတ်လက်ရွက်သုပ်ကိုလည်းသဘောတကျစားသည်။သူတို့ညစာစားပြီးတော့ကောလိပ်ကပရော်ဖက်ဆာဖြစ်တဲ့ဂျွန်အတွက်သူ့ကျောင်းသားတွေပို့ပေးထားတဲ့ဆုတောင်းစာတွေကိုခရစ်စမတ်သစ်ပင်နားမှာကော်ဖီသောက်ရင်းတူတူဖတ်ကြသည်။

"ဂျွန်ဒီကျောင်းသားကပရောဂျက်တွေအရမ်းမလုပ်ခိုင်းပါစေနဲ့လို့ဆုတောင်းထားတယ်"

"ဟာ.ဒီကောင်တွေကတော့."

"ဂျွန့်ကျောင်းသားတွေကရီရသားပဲ."

ဟန်နီရယ်နေတော့ဂျွန်လည်းလိုက်ရယ်သည်။အနီရောင်ဆွယ်တာအောက်မြုပ်နေသောခါးသေးသေးလေးကိုသိမ်းဖက်ပြီးပါးတွေကိုတစ်ရှုံ့ရှုံ့နမ်းလိုက်သည်။ခရစ်စမတ်ခေါင်းလောင်းသံတွေနဲ့အတူဟန်နီ့ရယ်သံလွင်လွင်တွေပါအိမ်ထဲပျံ့သည်။ဂျွန်ဟန်နီနှုတ်ခမ်းတွေကိုငုံနမ်းတဲ့အချိန်အိမ်ရှေ့ကဘဲလ်သံကိုကြားလိုက်ရသည်။

ဂျွန်မျက်နှာမှုန်သွားတာကိုဟန်နီကတော့တစ်ခစ်ခစ်ရယ်ပြီးအိမ်ရှေ့ထသွားသည်။ဘေးအိမ်ကဂျော့ရှ်တို့မိသားစုကမြို့ထဲကလူတွေနဲ့ခရစ်စမတ်သီချင်းတူတူဆိုဖို့လာခေါ်တာဖြစ်သည်။ဆော့ဂျင်အိမ်ထဲကိုတစ်ချက်ငှဲ့ကြည့်ရင်းငြင်းသာငြင်းလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Dec 26, 2022 ⏰

Add this story to your Library to get notified about new parts!

ခရမ်းနုရောင်လွင်ပြင်~~Where stories live. Discover now