The Eternity - 2

782 141 9
                                    

[ Unicode ]

မျက်လုံးနှစ်လုံးဖွင့်သည်နှင့် မရင်းနှီးသည့်အငွေ့အသက်တွေက စီးကြိုနေတာမို့ Bတစ်ယောက် မျက်နှာလေးရှုံ့မဲ့သွားလေ၏။ သို့သော်လည်း ချက်ချင်းဆိုသလို Loeyရှိနေသည့်ရပ်ဝန်းလေးလို့တွေးလိုက်မိပြန်တော့ နှုတ်ခမ်းထက်တွင် အပြုံးလှလှလေးက ချိတ်ဆွဲသွားလေသည်။ အဲ့ဒီအပြုံးတွေဟာလည်း မိနစ်ပိုင်းလောက်တောင်မကြာလိုက်...။

Loeyက သူ့ကိုမုန်းနေတာလေ...။

B အောက်နှုတ်ခမ်းအား တစ်ချက်ဖိကိုက်ကာ ပင့်သက်တစ်ချက်ရှိုက်မိသည်။ Loeyက သူ့ကိုမုန်းနေကြောင်းတွေးမိတာနှင့် နှလုံးသားဟာ နာကျင်လာရတော့တာပဲ။

အတွေးတို့အား ခေါင်းခါကာရှင်းထုတ်လိုက်ပြီးနောက် ရေချိုးသန့်စင်ဖို့ရာအတွက် အခန်းအတွင်းရှိ ရေချိုးခန်းထဲသို့ ခြေလှမ်းလှမ်းမိသည်။ အဖေဖြစ်သူနှင့် တောင်ပိုင်းသို့လိုက်လာချိန်တိုင်းတွင် Bက Loeyရဲ့အခန်းအား မျှသုံးခဲ့ရတာဖြစ်သည်။ အခုတော့ သူ့အတွက်ပေးထားသည့်သီးသန့်အခန်းလေးပေါ့။

ပြင်ဆင်ပြီးသည့်နောက်တွက် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ငယ်စဉ်ကတည်းက တစ်‌နှစ်တစ်ခါရောက်ဖူးနေကျ စံအိမ်ကြီးသည် မရောက်ဖြစ်တာငါးနှစ်ကြာသွားပြီဆိုသော်လည်း အရင်အတိုင်းမပြောင်းမလဲရှိနေဆဲပင်။

အထပ်သုံးထပ်သာရှိပေမဲ့ အခန်းပေါင်းများစွာက မရေမတွက်နိုင်အောင်ကိုရှိသည်။ အောက်ဆုံးထပ်တွင် ပစ္စည်းသိုလှောင်ခန်းနှင့် အလုပ်သမားများအတွက်ပေးထားသောအခန်းတွေရှိသည်။ ဒုတိယထပ်တွင်တော့ Bတို့လို အရေးပါသည့် ခရီးသွားဧည့်သည်တွေရောက်လာလျှင် တည်းခိုဖို့ဖြစ်ပြီး အပေါ်ဆုံးထပ်မှာတော့ တောင်ပိုင်းကုန်သည်ခေါင်းဆောင်ကြီးတို့ လင်မယားနှင့် Loeyတို့နေသည်။

ကျွန်းသားဖြင့်တည်ဆောက်ထားသည့်လှေကားကြီး၏ ထုတည်ဟာ အတော်ကြီးမား၍ လက်တန်းတွေကပင် Bရဲ့ ကိုယ်တစ်ဝက်စာလောက်ရှိလေသည်။ လှေကားတလျှောက်ရှိ နံရံပေါ်မှာလည်း သင်္ဘောပုံ၊ ဆိပ်ကမ်းပုံ၊ ကုန်တင်ကုန်ချလုပ်နေသည့်အလုပ်သမားများပုံ၊ စသည့်ပန်းချီကားချပ်တို့က အစီအရီ။

The EternityWhere stories live. Discover now