The Eternity - Final

833 139 25
                                    

[ Unicode ]

စံအိမ်ထဲတွင် သေချာပေါက်အုတ်အော်သောင်းနင်းဖြစ်နေကြမှာသိတာမို့ ပြတင်းပေါက်မှ အောက်သို့ဆင်းရန်သာရှိတော့သည်။

"မင်းဆင်းနိုင်လား"

"ငါစောနက အဲ့ကနေပဲ တက်လာတာ"

Bက ယုံကြည်ချက်ရှိရှိပြောလာ၏။ ဟုတ်ပါရဲ့...။ အနောက်တိုင်းရဲ့ ဒုတိယကုန်သည်ခေါင်းဆောင် B Louisကို သူ့စိတ်ထဲ သူကာကွယ်ပေးရမယ့်‌အကောင်ပေါက်လေးလို့ အခုထိမြင်မိနေတုန်းကို...။

ပြတင်းပေါက်မှတဆင့်အောက်သို့ Loeyငုံ့ကြည့်မိသည်။ သူ့အခန်းဟာ စံအိမ်ကြီး၏ အနောက်ဘက်ခြမ်းကျတာမို့ သစ်ပင်ခြုံပုတ်တွေမှလွှဲရင် လူရှင်းသည်။

"ငါအရင်ဆင်းမယ်"

ပြောရင်းနှင့်ပဲ Loey ပြတင်းပေါက်ဘောင်ပေါ်သို့တက်လိုက်သည်။ သူအရင်ဆင်းပြီးမှ Bအား ဆင်းစေလိုသည်က Bဆင်းလာသည့်အခါ မတော်တဆတစ်ခုခုလွဲချော်ခဲ့လျှင် အောက်ကနေအဆင်သင့်ဖမ်းနိုင်အောင်လို့ဖြစ်သည်။

သုံးထပ်တိုက်မှ မြေပြင်အထိဆင်းဖို့ဟာ ဒုတိယကုန်သည်ခေါင်းဆောင် ၊ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်ဖြစ်သည့်Loeyအတွက် သိပ်တော့မခက်ခဲလိုက်ပါ။ ဒုတိယထပ်တွင် အခန်းလွတ်တွေသာများတာမို့ ပြတင်းပေါက်တွေမှတဆင့်ဆင်းကာ လွယ်လွယ်ကူကူပင်။

Bသည် သူ့နောက်မှ အချိန်မဆွဲဘဲ ချက်ချင်းလိုက်ဆင်းလာ၏။ စိုးရိမ်စိတ်ဖြင့် မော့ကြည့်ကာ ဖမ်းပေးရန် လက်တပြင်ပြင်ဖြစ်နေခဲ့ပေမဲ့ Bက သူ့ထက်တောင် ပို၍သန်မာနေခဲ့သည်။

"မင်းပါလိုက်ခဲ့မလို့လား Loey"

Bရဲ့အမေးကို Loeyပြန်မဖြေအား...။ လက်ကလေးတစ်ဖက်ကိုသာဆွဲ၍ ခြံထဲမှ ထွက်ရန်ပြင်ရသည်။ ငယ်စဉ်ကတည်းက ညဘက်တွေ စံအိမ်မှခိုးထွက်နေကျဖြစ်သည့် Loeyက ဘယ်ကနေသွားရင်၊ ဘယ်ရောက်တယ်ဆိုတာ အကုန်သိပြီးသား။

Loeyသည် လက်နှစ်ဖက်တွင် ဓားကိုတစ်ဖက်၊ လက်သွယ်သွယ်လေးအားတစ်ဖက်ဆွဲကိုင်ကာ စံအိမ်အဝေးသို့ထွက်ခွာလာခဲ့သည်။

ညနက်ဖြစ်သည်မို့ မြို့ထဲတွင်လူရှင်း၏။ ထိုသို့လူရှင်းသည်က Bအားရှာဖွေနေသည့် အဖေ့ရဲ့နောက်လိုက်တွေအားရှောင်ရှားနိုင်ရန်အတွက် အခွင့်အရေးတစ်ခုဖြစ်လေသည်။ Loeyက အကြားစွမ်းရည်ကောင်းသည်။ အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်နေသည့်အချိန်မို့ နီးကပ်လာသည့်ခြေသံတွေအား အလွယ်တကူပင်ကြားနိုင်၏။

The EternityWhere stories live. Discover now