The Eternity - Extra

1K 144 14
                                    

[ Unicode ]

"ဘတ်ဟျွန်းနီး... ဟေး.. ဘတ်ဟျွန်းနီး! ထတော့လို့"

ခန္ဓာကိုယ်အားလှုပ်နှိုးလာသည့်တစ်‌စုံတစ်ယောက်ကြောင့် ဘတ်ဟျွန်းမှာ မထချင်ထချင်ဖြင့် ထထိုင်ရလေသည်။ မျက်လုံးအစုံကတော့ မပွင့်သေး။

"ခွေးပေါက်လေးကွာ..."

ချစ်ဖို့ကောင်းသည့်အလားပြောလာကာ ခေါင်းမှဆံပင်တွေကိုလည်း ဆွဲဖွလာသေးသည်။

"ဘတ်ဟျွန်းနီး ဒီလိုဆက်လုပ်နေရင် ငါပြန်တော့မှာနော်"

ခြိမ်းခြောက်စကားဟာ သိပ်တော့အရာမဝင်လှ။ ဒီလူဟာ ဘတ်ဟျွန်းကို ထားခဲ့မှာမဟုတ်ဘူးဟု တထစ်ချသိနေတာကြောင့်ပင်။

"ချန်းယောလ် ချီ"

ဘတ်ဟျွန်းသည်မပွင့်တပွင့်မျက်လုံးတို့အား ပြူးပြဲဖွင့်ရင်း လက်ဆန့်တန်းပေးမိသည်။

"ရေချိုးခန်းထဲလိုက်ပို့"

ချန်းယောလ်ကတော့ အထွန့်တက်စကားတစ်ခွန်းတောင်ဆိုမလာဘဲ ဘတ်ဟျွန်း၏‌ချိုင်းအောက်မှ လက်လျိုဝင်ကာ ချီလာ၏။ ကိုယ်ပေါ်တွင်ခိုအာလားလေးလိုကပ်တွယ်နေသူလေးအား သေချာချီပိုးသယ်လာကာ ရေချိုးခန်းထဲရှိဘေစင်ပေါ်တွင်တင်ပေးရသည်။ ဒါနှင့်မပြီးသေး...။ မျက်နှာသစ်၊ သွားတိုက်ရန်ပါ ပြင်ဆင်ပေးသည်။

"ငါ့ဟာငါလုပ်မယ်! ကလေးမဟုတ်တော့ဘူး"

ဆွဲလုခံလိုက်ရသည့်သွားတိုက်တံအားလိုက်ကြည့်ရင်း ချန်းယောလ်ပြုံးမိသည်။

ဒီကောင်လေးဟာ စိတ်လိုလျှင်တစ်မျိုး၊ စိတ်မလိုလျှင်တစ်မျိုးပင်။

သွားတိုက်၊ မျက်နှာသစ်ပြီးသည်အထိ ရပ်စောင့်ပေးပြီးနောက်...

"ပြန်ချီသွားပေးရဦးမလား"

ဘတ်ဟျွန်းဟာ ခေါင်းခါရင်း ချန်းယောလ်အမေးကို ငြင်းဆန်၏။

"‌ဗိုက်ဆာတယ် ချန်းယောလ်"

ရေချိုးခန်းထဲမှ လှုပ်လီလှုပ်လဲ့ဖြင့်ထွက်သွားသည့်အကောင်ပေါက်ကလေးအနောက်သို့လိုက်ရင်း ချန်းယောလ်ပြန်ဖြေမိသည်။

"နွားနို့နဲ့ ပေါင်မုန့် စတော်ဘယ်ရီယိုသုတ်ပြင်ပေးထားတယ်"

The EternityWhere stories live. Discover now