စာရေးသူ အမှာစာ

948 24 0
                                    

စာစုတို၊အက်ဆေး တွေကို မှတ်မှတ်ရရဆိုရင် 2017
လောက်မှာ ကိုယ်fbပေါ်မှာ စပြီးရေးခဲ့တယ်။ ဆိုရှယ်မီဒီယာ
ပေါ်မှာ စစသုံးချင်း စဉ်းစားမိတာက ငါ စာစုတွေ အက်ဆေး
ကဗျာတွေရေးချင်တယ်ပေါ့။

ကိုယ့်အဖေက ကဗျာဆရာတစ်ယောက်ဖြစ်တဲ့အတွက် ဝတ္တူ
စာရေးသူတစ်ယောက်အနေနဲ့စာရင် စာစုတိုနဲ့အက်ဆေး
ကဗျာတွေရေးရတာပိုပြီးသဘောကျတယ်။အဲ့အချိန်က လူ
ငယ်အရွယ်မို့ စိတ်တွေကလွတ်လပ်တယ်၊အတွေးအခေါ်တွေ
အရမ်းကောင်းတယ်...ဒါပေမဲ့မရင့်ကျပ်ခဲ့ဘူး။အဲ့အချိန်က
စာစုတိုနဲ့အက်ဆေးကဗျာတွေ အများကြီးရေးဖြစ်ခဲ့တယ်၊လူ
ကြိုက်ကြတာတွေလည်းရှိတယ်။ ဝတ္တူရေးတဲ့ဘက်ကိုကူး
ပြောင်းတဲ့အချိန်မှာ ကဗျာတွေနဲ့စာစုတွေကဝေးကွာသွား
တယ်။

အချိန်ရရင် ငါဝတ္တူရေးမယ်upမယ်အာ့လိုပေါ့၊ကြာတော့
ကိုယ်စိတ်က မွန်းကျပ်လာတယ်၊ ကိုယ်က ဇာတ်လမ်းတစ်ခု
ရေးမယ်ဆိုအရမ်းစိတ်နှစ်မိတယ်...Fic တစ်ခုထက်မဟုတ်
ပဲ ကိုယ်တို့ငယ်ငယ်ကဖတ်ဖူးတဲ့ ဝတ္တုစာအုပ်တွေအတိုင်း
ရေးရတာပိုသဘောကျတယ်။ချစ်ကြိုက်ကွဲညားထက် ဇာတ်
ကိုအမျိုးမျိုးလှည့်တာကိုကြိုက်လည်းကြိုက်တယ်ရေးလည်း
ရေးဖြစ်တယ်။

ဆိုတော့ ဘာဖြစ်လာလဲဆိုရင် ကဗျာတွေစာစုတိုအက်ဆေး
တွေနဲ့ဝေးကွာသွားတယ်မရေးဖြစ်တော့ဘူး။ ကိုယ်လည်းဘဝ
မှာအခုထိအသက်ရှင်သမျှပတ်လုံး လူအမျိုးမျိုးနဲ့စိတ်အမျိုး
မျိုးတွေကြုံခဲ့ပြီးပြီ။ အခုချိန်မှာ ရင့်ကျပ်နေပြီ။ရင့်ကျပ်ဖို့အ
တွက်တောင်နောက်ကျနေတာ ကိုယ်ကအပျိုကြီးအရွယ်ဖြစ်
နေပြီလေ။

ထိုကြောင့် စိတ်ပျော်ရာမှန်သမျှလုပ်ချင်တယ်၊ ပျော်မယ်ဆို
စိတ်ကိုဖွင့်ထားလိုက်မယ်...လူဘဝကတိုတိုလေးပါ..အခု
လိုခေတ်အခြေအနေမကောင်းတဲ့အချိန်မှာ သူတစ်ပါးရဲ့ပါး
စပ်ဖျားကစကားတွေကို နားထောင်ပြီး စိတ်ညစ်ခံ၊စိတ်ချုပ်
တီးခံကြောက်စိတ်နဲ့ရှင်သန်ဖို့မသင့်တော့ဘူး...ရှင်လည်းမ
ရှင်သန်ကြပါနဲ့၊မသေခင် ပျော်နိင်မဲ့မှန်သမျှဖန်တီးပါ။

အခုကတော့ ကိုယ်ရေးခဲ့ဖူးတဲ့ စာစုတိုနဲ့အက်ဆေး ကဗျာ
တွေနဲ့အသစ်လေးတွေလည်းရေးမယ်ပေါ့နော်။ ဒီစာရေးသူက
ဒီလိုလေးတွေကောက်ရေးနေတယ်လို့ထင်ရင်လည်းထင်နိင်
တယ်။ ကိုယ့်ဘက်မှာ နေမဲ့လူမရှိရင် ကိုယ်ရဲ့လက်ချောင်း
ဆယ်ချောင်းရှိပါသေးတယ်။အဲ့လက်ဆယ်ချောင်းက အားအင်
တစ်ခုပါပဲ။

နှင်းဆီထပ် စူးရှသောမိန်းမသားများWhere stories live. Discover now