145 8 0
လာတယ်။
တွေးမိလာပြီမဟုတ်လား။
အတီနာ-ရိန်း
Uni...
မိန်းကလေးတစ်ယောက်က ပုံမှန်ထက်တိတ်ဆိတ်သွားခဲ့ရင် နာကျင်
စရာစိတ်ဒဏ်ရာ တစ်ခုခုနဲ့ ပက်ပင်းတိုးထားမိလို့ပဲ။
လူတွေနဲ့ ဝေးရာမှာ ခပ်ခွာခွာနေတတ်လာမယ်၊ ပုံမှန်ထက် ဝါသနာပါ
ရာလေးတွေမှာ စိတ်ပျော်မွေ့လာမယ်၊ စာတွေကိုလည်းများများဖတ်မိ
လာပြီး မြက်ခင်းစိမ်းစိမ်းတွေ၊လေပြည်နုလေးတွေနဲ့ လမ်းပေါ်ကြွေလွင့်
နေတဲ့သစ်ရွက်ခြောက်တွေကိုတောင် ကဗျာသိပ်ဆန်တာပဲလို့ထင်မိ
လာတယ်။
အချစ်....သိပ်ဟုတ်တာပေါ့၊အချစ်နဲ့ ကိုယ်နဲ့က မဖြစ်နိင်ပါဘူးကွယ်
လို့တွေးမိလာတတ်ပြန်တယ်။
ရင့်ကျက်သွားတယ်လို့ မဆိုသာပေမဲ့ စိတ်ဒဏ်ရာရနိင်တဲ့နေရာတွေက
နေဝေးကွာအောင် နေထိုင်တတ်လာတယ်လို့ဆိုရမလား။ငါက ကံဆိုး
လိုက်တာလို့ အရင်ကတွေးတာထက်...ငါအခု စိတ်အေးချမ်းနေပြီလို့
တွေးမိလာပြီမဟုတ်လား။
ငါကသာမာန်မိန်းကလေးတစ်ယောက်ပါပဲ၊ သူများတွေထက်ချွန်းပြီးမလှ
ပေမဲ့ ကိုယ့်ကိုကိုယ်ရုပ်ဆိုးတယ်လို့မတွေးမိထားဘူး။
အလှတွေပြင်မယ်၊စာတွေဖတ်ပြီး သဘောကျရာစာအုပ်တွေဝယ်စုမယ်
ဆံပင်ရှည်တွေထားပြီး ခေါင်းစီးကြိုးလှလှလေးတွေနဲ့ အမျိုးမျိုးပြုပြင်
မယ်၊ နှစ်တစ်နှစ်ရဲ့အဆုံးမှာ ငါကိုယ်ငါတော်တယ်လို့ ချီးကျူးမယ်။အ
ပြစ်မြင်တတ်ကြတဲ့ လူတွေကြားထဲ ခပ်ပြုံးပြုံးလေးနေမယ်။နေရောင်
ခြည်နွေးနွေးလေးတွေကို ခံစားရင်း ရှေ့ဆက်လှမ်းမယ်။
ငါတစ်ယောက်တည်းနဲ့လည်းအဆင်ပြေတယ်။
အတီနာ-ရိန်း
နှင်းဆီထပ် စူးရှသောမိန်းမသားများWhere stories live. Discover now