တစ်ကျော့ပြန်အိမ်မက်( တစ်ကျော်ပြန်အိမ်မက်)

92 4 0
                                    




အတီနာရိန်း

Uni...

အချိန်တခုရောက်သွားပေမဲ့ ကိုယ်ဟာမင်းကိုမေ့မရသေးဘူးထင်တယ်..သတိတရဖြစ်နေတာမျိုးမဟုတ်ပဲ သူငယ်ချင်းတွေက မင်းကောချစ်ခဲ့ဖူးလားလို့မေးတဲ့အချိန်တိုင်း မင်းရဲ့မျက်နှာကိုမြင်ယောင်မိတယ်ဆိုတာဝန်ခံပါတယ်..အခုထိ မင်းရဲ့အတိတ်ဇာတ်လမ်းတပုဒ်မှာကိုယ်ဟာလူကြမ်းတယောက်အဖြစ်ပါဝင်နေတုန်းပဲလားသိချင်မိတယ်...

ရွေးချယ်ရတဲ့ အချစ်ရေးဗေဒင်ကဒ်လေးတွေမြင်တိုင်း သူပြန်လာမလားလို့မေးခွန်းတွေမှာအဖြေရှာမိနေတုန်းပဲ...
တခါတေလေတာ့ အိမ်မက်ထဲမှာ စုံတွဲလေးတတွဲကိုမြင်မက်မိတယ်..အဖြူရောင်သတို့သမီးလေးနဲ့ သတို့သားဖြစ်တဲ့ ကိုယ်ရယ်..

ကိုယ်ဟာ တခါတေလတာ့ အရူးထမိနေတုန်းပဲအချစ်ရယ်...
ဆံပင်တွေဖြူနေတဲ့ခေါင်းကိုပွတ်သပ်ရင်းဒီညလည်းအိမ်မက်လေးဆက်မက်လိုက်ဦးမယ်ကွယ်🍀

အတီနာရိန္း

နှင်းဆီထပ် စူးရှသောမိန်းမသားများWhere stories live. Discover now