Chapter 9

409 52 0
                                    

ညအမှောင်ထုကြီးစိုးလာာတာနဲ့အမျှ အပူချိန်ကလည်း တဖြေးဖြေး နိမ့်ကျလာတယ်။ Dead zone အပြင်ဘက်မှာတော့ မီးရောင်စုံနဲ့ ညကို အလှဆင်နေကြပြီ။ ဒီအချိန်က ချစ်သူစုံတွဲတွေ ညစာ ထွက်စားကြမယ့် ပျော်စရာအချိန်ပဲ။ ဒါမှမဟုတ် မိသားစုနဲ့ အတူ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြတ်သန်းနေကြမှာပေါ့။
အချိန်ပိုနဲ့ သင်တန်းကျောင်းတွေက ပြန်လာတဲ့ ကျောင်းသား ကျောင်းသူတွေလည်း သူ့အုပ်စုနဲ့သူ ညဈေးတန်းမှာ မုန့်ဝယ်စားပြီး လူငယ်ဘဝကို
ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြမှာပဲ။ ဒါပေမယ့် Dead zone အတွင်းမှာတော့ အားမာန်အပြည့်နဲ့ တက်ကြွနေတဲ့ မြင်ကွင်းမျိုးကို ရှာလို့တွေ့မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း Central ရဲ့ မြို့လယ်ကောင်မှာ ရှာဖို့ခက်တဲ့ နောက်ထပ် အလှတရားတစ်မျိုးတော့ ရှိနေတယ်။ ဥပမာ တိတ်ဆိတ်ခြင်းနဲ့ ညအမှောင်ထု။

"သူ အခုထိ ပြန်မလာသေးဘူးလား"

လရောင်တစ်စွန်းတစ်စ ကျရောက်နေတဲ့ စက်ရုံဟောင်းထဲမှာ လှုပ်ရှားမှု အချို့ရှိလာတယ်။

"ငါတို့ သွားနှုတ်ဆက်ဖို့ အကြံပေးတယ်"

"မသင့်တော်တဲ့ အကြံပဲ"

"သူ ပြန်လာရင် ငါတို့ မသိသလိုပဲ နေလိုက်ကြမလား"

"အခုထိ ထွက်မသွားပုံထောက်ရင် သူလည်း ငါတို့လိုပဲ သွားစရာနေရာ မရှိဘူးထင်တယ်"

"ဒါဆို သူက ငါတို့နဲ့ အတူနေတော့မှာလား"

အမှန်တော့ စက်ရုံတွင်း စက်ရုပ်အုပ်စုထဲမှာ camera ပါတဲ့ scout robot တစ်ခုရှိတယ်။ သူက sentience ဖွံ့ဖြိုးလာနိုင်တဲ့ စွမ်းရည်မရှိတာမို့ ဒီအတိုင်း စက်ပစ္စည်းတစ်ခုပဲဖြစ်ပြီး သူ့ကို သုံးမယ်ဆိုရင် Da Fei
တို့လို အသိဉာဏ်ဖွံ့ဖြိုးပြီးတဲ့ စက်ရုပ်တွေက ထိန်းချုပ်အသုံးပြုမှ ရတယ်။ ပထမဆုံးညနေက 085 တစ်ယောက် Dead zone ကို ရောက်လာတဲ့အချိန်မှာ သူ့ကိုလွှတ်ပြီး ကြည့်ဖို့ တွေးလိုက်ပေမယ့် ရောက်လာတဲ့လူက ဒါကို မတော်တဆတွေ့သွားခဲ့ရင် သူတို့နေရာနဲ့ သူတို့အခြေအနေကို လူတွေကို
ပေးသိလိုက်ရမှာစိုးတဲ့အတွက် မသုံးခဲ့တာ။ နောက်ပြီး အသစ်ရောက်လာတဲ့တစ်ယောက်က scavenger သာဆို သူတို့ရဲ့ scout robot ကို
ပြန်ရောင်းစားဖို့ ယူသွားမှာ အသေအချာပဲ။ Da Fei မှာ အဲဒီစက်ရုပ်အစုတ်ကို ခုလို အသုံးပြုလို့ရတဲ့အနေအထားထိရောက်အောင် ဘယ်လောက်အပင်ပန်းခံပြီး ပြင်ထားရတာလဲ။ အသာလေးကောက်သွားမယ့် လူတွေနောက်ကို သူ အပါမခံနိုင်ဘူး။ ဒါကြောင့် မသုံးဘဲ ထားခဲ့တာ။ 085 အပေါ်တက်သွားပြီးနောက်ပိုင်း သူတို့ တစ်ညလုံးနဲ့ နောက်နေ့ တစ်ရက်လုံး တုတ်တုတ်မျှ မလှုပ်ဘဲ battery သေဆုံးနေတဲ့ စက်ရုပ်အစုတ်တွေလို ဟန်ဆောင်နေလိုက်ကြတယ်။ ခက်တာက ဒုတိယနေ့ညရောက်တဲ့အခါမှာ ဆက်ဟန်ဆောင်ဖို့ မဖြစ်နိုင်တော့တာပဲ။ သူတို့
ဒီလိုဆက်လှဲပြီး ဟန်ဆောင်နေရင် battery တကယ်သေဆုံးသွားလိမ့်မယ်။ သခင်တွေက သူတို့ကို စွန့်ပစ်လိုက်တဲ့အချိန်မှာ battery အသစ်မလဲပေးခဲ့ဘူးလေ။ ဒါကြောင့် သူတို့ရဲ့ battery ခံနိုင်ရည်က သနားစရာကောင်းလောက်အောင်
ညံ့ဖျင်းတယ်။

Ending the BeginningWhere stories live. Discover now