Chapter 14

322 42 1
                                    

Xiao Zhan ကို Kylo နောက်တစ်ကြိမ်ဆက်သွယ်တဲ့အချိန်က နောက်နှစ်ပတ်အကြာမှာ ဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ စာချုပ်အရ Xiao Zhan က J&R ကို သွားဖို့မလိုပေမယ့် စာချုပ်ဆိုတာမျိုးက နှစ်ဦးသဘောတူရင် အလွယ်တကူ ပြောင်းလို့ရတာမျိုးပဲ မဟုတ်လား။ ဒါကြောင့် အများဆုံး နှစ်လသတ်မှတ်ပြီး Xiao Zhan က J&R ကို ကူညီဖို့ ဖြစ်လာခဲ့တယ်။

"ဟိုဘက်မှာ Fei Guo တော့ရှိတယ်, Xiao Zhan။ ပြီးတော့ သူတို့ နိုင်ငံခြားက ပညာရှင်တွေကိုပါ ဖိတ်ထားတယ်"

Kylo က ဖုန်းထဲကနေ ပြောတယ်။ သူက ကိစ္စအထွေအထူးမရှိရင် Xeno ကို သိပ်လာလေ့မရှိဘူး။

"တကယ်လို့ confidential အချက်အလက်တွေ မဟုတ်ရင် ကျွန်တော့်ကို ပြန်ပြောပေးလို့ ရမလား။ သိပ်တော့ နားမလည်ပေမယ့် Director ရဲ့ စကားအရ ဒါက ကျွန်တော်တို့ project ကိုပါ လာပြီး သက်ရောက်နိုင်လို့ ယူဆရတော့ ကျွန်တော်တို့လည်း သိထားသင့်တယ် ထင်တယ်"

"ဒါပေါ့။ ဒီ project က ကျွန်တော်နဲ့လည်း သက်ဆိုင်နေပြီပဲ။ ပြောနိုင်တဲ့အထဲက သတိထားရမယ့် ကိစ္စတွေကိုတော့ သေချာပေါက် အသိပေးရမှာပေါ့"

"ကောင်းပြီ။ ဒါဆို ကျွန်တော် မနက်ဖြန် ကားလွှတ်ပေးရမလား"

"အာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Bai An နဲ့ပဲ သွားလိုက်ပါ့မယ်"

ဖုန်းချပြီးတော့ Xiao Zhan က သူလုပ်လက်စတွေကို လက်စသတ်ဖို့ ပြင်တယ်။ နှစ်လလောက် ထားခဲ့ရမှာဆိုတော့ သူတို့အားလုံးအတွက် အလုပ်တွေကို ကြိုပြီး ဆုံးဖြတ်ပေးခဲ့ဖို့ လိုတယ်။ ပြီးတော့ သူ့ရဲ့ နောက်ထပ် လုပ်လက်စ ဖြစ်တဲ့ Mocon. သူ့ကို ပြန်ပြင်နေပြီဆိုပေမယ့် သူလစာယူထားတဲ့ အလုပ်ကို အရင်လုပ်ရတာမို့ သူ့ရဲ့ကျန်တဲ့အချိန်တွေမှာပဲ Mocon ကို အာရုံပေးဖြစ်တယ်။ ဒါကြောင့် ခရီးက သိပ်မတွင်သေးဘူး ဒါပေမယ့်လည်း အခုနောက်တစ်ခါ ထားခဲ့ရပြန်ဦးမယ်။

နောက်နေ့ J&R ကို သွားတော့ သူ့အရင် ကုမ္ပဏီဆိုပေမယ့် Xiao Zhan က သာမန်ထက်ပိုပြီး ကောင်းကောင်းမွန်မွန်ဝတ်စားသွားတယ်။ သူသိပ်ကြည့်မရတဲ့ Fei Guo ရှိနေတာမို့ သူ့ဘက်က ဘယ်နားကမှ နိမ့်နေလို့ မဖြစ်ဘူး မဟုတ်လား။ ဒါပေမယ့် cufflinks တပ်တဲ့အချိန်မှာတော့ အာရုံက တစ်ယောက်သောသူဆီ ရောက်သွားပြန်တယ်။ ဒါလည်း သူ့ကို Yibo ပေးထားခဲ့တာပဲ။ ရင်ထိုး ဖိနပ် နာရီ ပြောရရင် Xiao Zhan ရဲ့ အသုံးအဆောင် ပစ္စည်းတော်တော်များများက Yibo ဝယ်ပေးထားခဲ့တာချည်းပဲ။ Xiao Zhan က နည်းနည်းလေး ကြေးများတတ်သူမို့ သူအကြိုက်‌တွေ့တဲ့ပစ္စည်းအသုံးအဆောင်က တော်တော်ရှားတယ်။ ဒါကြောင့် သူ့စိတ်ကြိုက်ရှာဝယ်ရင် အချိန်ကုန်တာမို့ နောက်ပိုင်းမှာတော့ ဈေးဝယ်တဲ့အလုပ်ကို သိပ်မလုပ်ဖြစ်တော့ဘူး။ သဘောကျတဲ့ ပစ္စည်းအနည်းငယ်ကိုပဲ ရေရှည်သုံးဖြစ်တယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ Yibo ဆီက လက်ဆောင်ရတဲ့ ပစ္စည်းတွေကတော့ အားလုံး Xiao Zhan အကြိုက်တွေချည်းပဲ။ ဒါကြောင့် အမြဲလက်ခံနေရလို့ အားနာပေမယ့် သူလည်း သဘောကျတာမို့ နောက်ပိုင်းမှာ လက်ဆောင်ပေးရင် လက်ခံလိုက်ပြီး ကောင်းကောင်းမွန်မွန်ပဲ သုံးပေးလိုက်တယ်။ ဒီ cufflinks တွေကလည်း အဲဒီ လက်ဆောင်တွေထဲက တစ်ခုပဲပေါ့။ Xiao Zhan က cufflinks တွေကို သေချာတပ်ပြီး သူ့ရဲ့ ပြင်ဆင်မှုကို အဆုံးသတ်လိုက်တယ်။

Ending the BeginningWhere stories live. Discover now