Chapter 16

784 40 5
                                    

သူ ဝန်မခံချင်ပေမယ့် 085 လာတွေ့တဲ့ ကိစ္စက Xiao Zhan ရင်ထဲက အစိုင်အခဲတစ်ခုကို ရှင်းပေးခဲ့တယ်။ ပိုပြီး ရှုပ်ထွေးတဲ့ ပြဿနာတွေကို ရှင်းရမယ့်အချိန်မှာ အတိတ်က အရှုပ်အထွေးတစ်ခုပြေပျောက်သွားတာ ကောင်းတဲ့ ကိစ္စပဲ မဟုတ်လား။ ဒီတစ်ခေါက် အပြန်လမ်းမှာတော့ နောက်ထပ်အတားအဆီးမရှိတော့ဘဲ Xeno ကို ချောချောမွေ့မွေ့ ပြန်ရောက်လာခဲ့တယ်။ သူ ရောက်တော့ တွေးထားတဲ့ အတိုင်းပဲ Kylo ရှိမနေဘူး။ သူဖုန်းကြိုဆက်မယ့် ကိစ္စကို မေ့သွားတာပဲ။ ဒီတစ်ခါတော့ သူက ဖုန်းမဆက်တော့ဘဲ mail ပို့ပြီးတော့ပဲ မနက်ဖြန် တွေ့ဖို့ ချိန်းလိုက်တယ်။ ပြီးတဲ့အခါမှာတော့ Xiao Zhan သူ့အဖွဲ့သားတွေကို စုစည်းလိုက်ပြီး သူမရှိတဲ့ နှစ်လအတွင်း တိုးတက်လာတဲ့ process ကို စစ်ဆေးရတော့တယ်။

နောက်နေ့ Kylo နဲ့ တွေ့တော့ ထင်တဲ့အတိုင်းပါပဲ သူက J&R က ကိစ္စတွေကို သိပြီးသား ဖြစ်နေပြီ။ ဒါပေမယ့် သူရတဲ့ သတင်းက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ Xiao Zhan လောက်တော့ အသေးစိတ်မကျဘူးပေါ့လေ။ ဒါကြောင့် Xiao Zhan က ပြန်ပြောပြပြီး အခြေအနေတွေကို သုံးသပ်ကြည့်ဖို့ ကြိုးစားတယ်။ Robot army ကို တည်ဆောက်ဖို့ သူတို့ ကြိုးပမ်းခဲ့တယ်ဆိုတာ စက်ရုပ်တွေရဲ့ လူတွေနဲ့ ယှဉ်ရင် ထူးကဲတဲ့ အားသာချက်တွေကြောင့်ပဲ။ ခံနိုင်ရည် အားကောင်းတာ နာကျင်မှုကို ထည့်တွက်စရာမလိုတာ ကြီးကြီးမားမား ထိခိုက်သွားလည်း sensor နဲ့ brain ကျန်သေးရင် ရှေ့ဆက်တိုးလို့ ရတာ။ ဒီအချက်တွေထက် ထိပ်ဆုံးမှာ ရှိနေတဲ့ အဓိက အရေးပါဆုံးအချက်က သူတို့ဆီက ရမယ့် abosolute obedience ပဲ။ အခု ဒီအရာက မေးခွန်းထုတ်ဖို့ ဖြစ်လာပြီဆိုတော့ သူတို့ရဲ့ မူလရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ပါဦးမလားဆိုတာကို ပြန်ပြီး စဉ်းစားရတော့မယ်။ ဒါကြောင့် ဒီတစ်ခါ Kylo နဲ့ Xiao Zhan ရဲ့ ဆွေးနွေးပွဲက နှစ်နာရီ နီးပါး ကြာခဲ့တယ်။

"ဆိုတော့ အနှစ်ချုပ်ကြည့်ရရင် ကျွန်တော်တို့ရဲ့ system ထဲကို Genesis ဝင်လို့ မရအောင် လုပ်ထားရင် ဖြစ်တယ် ဆိုတဲ့ သဘောပေါ့"

"ဒါပေမယ့် အဲဒါကို ရအောင် လုပ်ဖို့ဆိုတာ ပြောတာထက် ခက်တယ်။ တကယ်လို့ ဟာကွက်တစ်ခုရှိသွားရင်..."

You've reached the end of published parts.

⏰ Last updated: Nov 11, 2022 ⏰

Add this story to your Library to get notified about new parts!

Ending the BeginningWhere stories live. Discover now