"ဦး အဲ့ဒီနေ့ကဘာလို့နမ်းတာလဲဟင်"

1.5K 102 19
                                    

Unicode ✅

သူတို့ကားလေး ရွာအပြင်ဘက်ကိုရောက်တော့ ရွားထဲကအဖွားအသိတွေက သူတို့ကိုလာကြိုပေးသည်။ ရွာလမ်းကမကောင်းသည်မို့ ရွာထဲထိကားဝင်ဖို့ကအဆင်မပြေချေ။ ဒါကြောင့် ရွာအပြင်ဘက်၌ ကားအားရပ်ခဲ့လိုက်ပြီး လာကြိုတဲ့ရွာသားတွေနဲ့သာ သူတို့လိုက်လာခဲ့လိုက်သည်။

“ဦး...”

မျက်နှာလေးရှုံ့မဲ့ကာ ခပ်တိုးတိုးခေါ်လာတဲ့ ကလေးကိုကြည့်ရတာ ဗွက်တွေထဲလမ်းလျှောက်ရသည်ကို မကြိုက်သည့်ပုံပင်။

“ကလေး အဆင်ပြေရဲ့လားဟင်”

“ပြေပါတယ်”

ပြေပါတယ်သာပြောသာ မျက်နှာလေးကရှုံ့မဲ့နေသည်မို့ ယွန်းဂီ ဂျီမင်ရှေ့သွားလိုက်ပြီး ဂျီမင်ရှေ့၌ကျောပေးကာ ထိုင်ချလိုက်သည်။

“လာ ဦး ကျောပေါ်တက်”

“ဟို ဦး”

“တက်ပါကလေးရဲ့ ဦးကမင်းယောင်္ကျားလေး အားနာဖို့မလိုဘူး လာ တက်ခဲ့”

ဂျီမင်လည်း ဆက်ပြီးငြင်း‌မနေတော့ ယွန်းဂီကျောပေါ်သို့ အသာလေးတက်လိုက်တော့ ယွန်းဂီကဂျီမင်ကိုပွေ့ချီကာ ဗွက်တွေထဲအသာလေးခေါ်သွားလေ၏။

ဘေးကရွာသားတွေမှာလည်း ယွန်းဂီတို့ကိုကြည့်ပြီး ခပ်ပြုံးပြုံးလုပ်နေကြသည်မို့ ဂျီမင်မှာရှက်ရှက်နှင့် သူ့အမျိုးသား ပုံခုံးထက်၌ မျက်နှာလေးဝှက်ထားလေရဲ့။

ခဏကြာတော့ အဖွားအိမ်သို့ရောက်ပြီဖြစ်တာမို့ သူတို့အားလိုက်ပို့သည့် ရွာသားတွေလည်း ပြန်သွားကြလေသည်။

“အဖွား”

“မြေးငယ် အဟွတ်!”

အဖွားကမြေးလုပ်သူ ယွန်းဂီကိုမြင်လိုက်ရတော့ အိပ်ယာကနေ ယွန်းဂီလက်တွေအား လက်ဆွဲပြီး ခပ်တင်းတင်းကိုင်ထားလေရဲ့။

“အဖွား ဘယ်လိုဖြစ်တာလဲဗျာ ထုံးစံအတိုင်း ရေအကြာကြီးချိုမိပြန်တာလား”

အကြောင်းသိနေပြီဖြစ်တဲ့ ယွန်းဂီအမေးကြောင့် အဖွားကခပ်ယေးယေးသာပြုံးလေရဲ့။

“အဖွားဘာမှမဖြစ်ပါဘူးကွယ် အဟွတ်! ရိုးရိုးဘဲဖျားတာပါ‌ မြေးငယ် အဟွတ်!”

// 𝗬𝗼𝗼𝗻𝗺𝗶𝗻 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //Where stories live. Discover now