Unicode ✅
|| HE IS NOT BELONG ||
Warning Alert ⚠️
ဤအပိုင်းသည် အသက်အရွယ် မပြည့်သေးသည့် ကလေးငယ်တွေဖတ်ဖို့ မသင့်တော်သည့် အသုံးအနှုန်းများနှင့် ဇာတ်ဝင်ခန်းများ ပါဝင်သည်မို့ အသက်မပြည့်သေးသည့် ကလေးငယ်များ ဖတ်ဖို့မသင့်ပါ။ ထို့အပြင် ဤအခန်း၌ ပါဝင်သည့် စာသားများအား ဤနေရာမှာတွင်သာ ထားခဲ့ပြီး တခြားသောနေရာများ၌ ပြန်တင်တာမျိုး မလုပ်ဖို့ စာရေးသူဘက်က မေတ္တာရပ်ခံပါသည်။
.
.
.မွေ့ထက်ခပ်ငြိမ်ငြိမ်ထိုင်နေသည့် ဂျီမင်သည် ရေချိုးခန်းထဲဝင်သွားသည့် သူ့အမျိုးသား ထွက်လာမည့်အချိန်အား ခပ်ကြာကြာထိုင်စောင့်လို့နေလေသည်။ ပြန်ရောက်ကတည်းက ရေချိုးခန်းထဲ တန်းဝင်သွားသည့် ယွန်းဂီကတော့ အခုချိန်ထိ အပြင်ဘက်သို့ထွက်မလာသေးပေ။
ဂျီမင်နာရီအားကြည့်လိုက်နှင့် သူ့အမျိုးသားထွက်လာမယ့် အချိန်အားစောင့်ရင်း စိတ်ကလေးမရှည်တော့သည်ထင်။ မျက်နှာလေးအလိုမကျဖြစ်လာလေ၏။
ထိုအချိန်မှာပေါ် ထွက်ပေါ်လာတဲ့ ရေချိုးခန်းတံခါးဖွင့်သံနှင့်အတူ ရေချိုးခန်းထဲကထွက်လာသည့် သူ့အမျိုးသား။
“ဟင် သဲငယ် မအိပ်သေးတာလား”
ယွန်းဂီမေးလိုက်တဲ့ မေးခွန်းကြောင့် ဂျီမင်မျက်ခုံးနှစ်ဖက်ဟာ ထိလုမတက်ကြုတ်သွားပြီး မျက်နှာသည်လည်း သိသိသာသာပင် ပျက်ယွင်းသွားကာ ယွန်းဂီအား ကြည့်မလာတော့ပဲ မွေ့ယာထက်လှဲချပြစ်လိုက်တော့သည်။
“ကျွန်တော်အိပ်ပြီ ဒီညဦးအပြင်ထွက်အိပ်”
ဂျီမင်စကားကြောင့် ယွန်းဂီမှာ လှုပ်လှုပ်ရွရွဖြစ်လာပြီး ရေစိုနေတဲ့ဆံပင်တွေလည်း ဆက်မသုတ်ဖြစ်တော့။ ဆံပင်တွေဆိုကာမှ အတုတပ်ထားတဲ့ဆံပင်ကြီးအားဖြုတ်ပြီး အသေအချာပုံသွင်လိုက်ပြီမို့ အခုဆို သူ့အနေနဲ့သဲငယ်အရှေ့မှာ ဆံပင်နဲ့ပတ်သတ်ပြီး ပူပန်စရာမရှိတော့ပေ။
“သဲငယ်”
“ဦးကိုပြောပြီးပြီ အပြင်ထွက်အိပ်လို့ ဒီညကျွန်တော်တစ်ယောက်ထဲ နေချင်တယ်”
YOU ARE READING
// 𝗬𝗼𝗼𝗻𝗺𝗶𝗻 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //
Short Story𝗧𝗼𝗽-𝗠𝗶𝗻 𝗬𝗼𝗼𝗻𝗴𝗶 𝗕𝗼𝘁𝘁𝗼𝗺-𝗣𝗮𝗿𝗸 𝗝𝗶𝗺𝗶𝗻 [𝗢𝗻𝗹𝘆 𝗪𝗮𝗿𝗻𝗶𝗻𝗴]