Unicode ✅
|| HE IS NOT BELONG ||
“နာနေသေးလား”
“ဟင့်အင်း သဲငယ်ကိုယ်တိုင်ပြုစုပေးလို့ထင်တယ် ကိုယ်မနာတော့ဘူး ဟီး”
ဟီးခနဲရယ်ပြကာ ရွှတ်နောက်နောက် ဆိုလာတဲ့ ယွန်းဂီကိုကြည့်ရင်း ဂျီမင် မျက်စောင်းလှလှလေး ထိုးလေသည်။ ဒီလောက်ထိ ဒဏ်ယာကြီးကြီးမားမား ရထားတာတောင် ဘာမှမဖြစ်သလို နေနိုင်သည့် ယွန်းဂီပုံစံဟာလည်း ဂျီမင် အမြင်ကတ်ချင်လည်း ကတ်ချင်စရာပါလေ။
“ဒီဒဏ်ယာကို ဖွားသိလို့မဖြစ်ဘူးနော် သိသွားရင် ဦးရော ကျွန်တော်ရော ဆူခံထိမှာ”
နှုတ်ခမ်းလုံးလုံးလေး ရှေ့သို့ပို့ကာ ဆူသလိုလေး ဂျီမင်ဆိုလေတော့ ။
“ပြွတ်စ်”
“ဟာ ဦး!”
ရုတ်တရက်ကြီး သူ့နှုတ်ခမ်းအား အသံထွက်သည်အထိ တစ်ချက်လှမ်းနမ်းလာသည့် ယွန်းဂီကြောင့် ဂျီမင်မှာရှက်သွားဟန် ပါးပြင်ဖောင်းဖောင်းကလေးမှာ ပန်းနုရောင်ယေးယေးလေး သန်းသွားလေ၏။
“အိပ်...အိပ်တော့လေ”
“ဟင် သဲငယ်ကရော မအိပ်သေးဘူးလား”
“အရင်အိပ်နှင့် ကျွန်တော် မအိပ်ချင်သေးလို့ စာဖတ်ဦးမယ်”
မွေ့ယာကနေ ထသွားကာ ဖတ်လက်စစာအုပ်လေးအား ဂျီမင်ယူလိုက်လေသည်။ ပြီးသည်နှင့် အခန်းတံခါးအားဖွင့်လိုက်ပြီး ဝရံတာဘက် ထွက်သွားလေ၏။
ကျန်နေခဲ့သည် ယွန်းဂီမှာတော့ အလိုမကျသည့် ကလေးသဖွယ် မျက်နှာကြီးဆူပုတ်နေကာ ဝရံတားထက် စာထိုင်ဖတ်နေသည့် သူ့အမျိုးသားအား လှမ်းကြည့်နေလေသည်။
“ဟွန့်! ဒဏ်ယာရထားတဲ့သူကို ဒီတိုင်းပဲ ပြစ်ထားရလား သဲငယ်ကအကျင့်ပုတ်လိုက်တာ”
ခေါင်းအုံးအား မကျေမနပ်ထုရိုက်နေကာ တစ်ယောက်ထဲ စစ်ခင်းနေသည့် ဦးပါလေ။
“မရဘူး မရဘူး ကိုယ့်ကိုဒီလိုလုပ်လို့မရဘူး”
ချက်ချင်း ကုတင်ပေါ်ကနေ ဆင်းလိုက်ကာ သူ့အမျိုးသားရှိသည့် ဝရံတာသို့ ယွန်းဂီ ထွက်လာလေသည်။ သူ့အမျိုးသားဆီရောက်သည်နှင့် အနောက်ကနေ ဝင်ထိုင်ကာ သူ့အမျိုးသားအား ရင်ခွင်ထဲထည့်ထားရင်း အနောက်ကနေ သိုင်းဖက်လေ၏။
YOU ARE READING
// 𝗬𝗼𝗼𝗻𝗺𝗶𝗻 𝗦𝗵𝗼𝗿𝘁 𝗪𝗮𝗿𝗻𝗶𝗻𝗴 //
Short Story𝗧𝗼𝗽-𝗠𝗶𝗻 𝗬𝗼𝗼𝗻𝗴𝗶 𝗕𝗼𝘁𝘁𝗼𝗺-𝗣𝗮𝗿𝗸 𝗝𝗶𝗺𝗶𝗻 [𝗢𝗻𝗹𝘆 𝗪𝗮𝗿𝗻𝗶𝗻𝗴]