(၄၀)

9.1K 1K 56
                                    


{Unicode}

အခန်း(၄၀)

"ဘာရယ် .. ကျွန်တော့်ကို ?"

လီလော့မှာ ကြားလိုက်ရသည်ကိုပင် မယုံနိုင်။ စိတ်ထဲတွင်လည်း အနည်းငယ် ဗျာများ၍ သွားကာ

"ကျွန်တော့်ဖန်တွေ သူများအိမ်က လူတွေကို ရန်သွားစမိလို့ ဟိုဘက်က မကျေမနပ်တွေဖြစ်ပြီး လိုက်ဖော်ကုန်ကြတာများလား ?"

လီကျန့်ဟုန်က လျင်မြန် ပြတ်သားစွာဖြင့်

"ဒီမှာ အနောက်ဘက်ကနေ ထွက်လို့ရတဲ့ တံခါးရှိသေးတယ်လေ .. သူတို့နှစ်ယောက်ကို အဲ့ကနေ ပေးထွက်ပြီး သတင်းထောက်တွေကို သူတို့ ပြန်သွားပြီလို့ ပြောပေးလို့ရမလား .. စောင့်နေတဲ့သူ မရှိတော့ဘူးဆိုတာ သိသွားရင် သူတို့တွေလည်း ကြာကြာမနေနိုင်လောက်တော့ပါဘူး"

လီကျန့်ဟုန်၏ လေသံတွင် မည်သည့် ဒေါသမှ မပါ။ တည်ငြိမ်အေးဆေးသည့် လေသံနှင့် ဖြစ်သော်ငြား ဝန်ထမ်းတွေအား နှစ်ပေါင်းများစွာ ဦးဆောင်လမ်းညွှန်လာခဲ့ရသည်ဖြစ်ရာ သူ့ပုံစံမှာ ပြဿနာ တစ်ရပ်အပေါ် ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်ဟန်အပြည့်နှင့် ဖြစ်နေ၏။ ထောင်ဝန်ထမ်းသည် လီကျန့်ဟုန်အား အလိုလိုပင် တုန့်ပြန်ပြောဆိုလာသည်။

"ရပါတယ်"

"အိုကေ .. အရင်သွားကြည့်တာပေါ့ .. ပါး သိပ်စိတ်ပူမနေနဲ့ဦး .. အလွန်ဆုံးဖြစ်လှ Hot search ထဲ ရက်ပိုင်းလောက် ပါရုံပါပဲ .. ဘာအထိအခိုက်မှ ရှိမှာ မဟုတ်ဘူး"

လီကျန့်ဟုန်သည် သက်ပြင်းဖွဖွချကာ

"ပါးကတော့ မင်းအပေါ် ဆိုးကျိုးတစ်ခုခု သက်ရောက်မှာကိုပဲ စိုးရိမ်တာ"

အန်ကယ်ဖုန့်က ပြောလာသည်။

"အဆင်ပြေသွားမှာပါ .. ငါလည်း အားလော့အတွက် ကိုင်တွယ်ဖြေရှင်းပေးလို့ရတာပဲ"

"ဟုတ်ပါတယ်လေ .. မင်းတစ်ယောက်လုံး ရှိနေမှတော့ ငါ စိတ်ချပါတယ်"

"ပါး .. ကျွန်တော် အဆင်ပြေပါတယ်"

သုံးဦးသား ခပ်မြန်မြန်ပင် နှုတ်ဆက်လမ်းခွဲလိုက်ကြကာ ထောင်ဝန်ထမ်းနှင့်အတူ မတိုင်မီက အပ်နှံထားခဲ့ကြသည့် ကားသော့နှင့် ပစ္စည်းများကို သွားရောက်ထုတ်ယူကြသည်။ အန်ကယ်ဖုန့်သည် ရုတ်တရက် သတိရသွားပုံဖြင့်

နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}Место, где живут истории. Откройте их для себя