Unicode,
Adam & Casanova
Chapter -1"လေးလွှာမှာ အင်တာဗျူး ရှိတယ်ဆို"
မြေညီထပ် Reception မှာရှိသော ဝန်ထမ်း အမျိုးသမီးငယ်လေးအား တခြား ဝန်ထမ်း အမျိုးသမီးငယ် တစ်ဦးက နားမလည်သလို မေးလိုက်လေသည်။ Reception က အမျိုးသမီးငယ်လေးက ညင်သာစွာ ခေါင်းညိတ်ပြရင်း
"ဟုတ်တယ် မမ ဒုက္ကဌ ကိုယ်တိုင် အင်တာဗျူးမှာတဲ့"
"ဘာရာထူးအတွက်တဲ့လဲ၊ အလုပ်ခေါ်တာတွေ ဘာတွေလည်း မတွေ့ပါ့လား"
ထိုမေးခွန်းအား Reception မှ ကောင်မလေးက ပခုံးလေး တွန့်ပြကာ
"HR မန်နေဂျာတွေတောင် မပါတဲ့ အင်တာဗျူးလေ ဘာရာထူးအတွက်ဆိုတာ HR က လူတွေတောင် မသိတာကို ကျွန်မလည်း သေချာမသိပါဘူး"
"စိတ်ဝင်စားစရာပဲ.. ငါတို့ရဲ့ Coldblooded ဒုက္ကဌ ဘာတွေလုပ်နေတာလဲ မသိဘူးနော်"
အတင်းမမည်သည့် တီးတိုးစကားလေးများက P လုက်ငန်းစု အဆောက်အအုံ၏ နေရာအနှံ့မှာ ဟိုတိုးတိုး ဒီတိုးတိုး အုပ်စု အုပ်စု ဖွဲ့ကာ ဆိုနေကြလေသည်။ ဝန်ထမ်းများက သွေးအေးလူသားလို့ လျှို့ဝှက် နာမည်ပေးထားသူ ဒုဥက္ကဌ၊ တစ်နည်းအားဖြင့် P လုပ်ငန်းစုကြီးကို အနာဂတ်မှာ အုပ်စိုးမည့် ဘုရင်ငယ်လေး Park Jimin သည် အလုပ်နှင့် မဆိုင်သော အင်တာဗျူး တစ်ခုအား တိတ်တဆိတ်လေး လုပ်နေခြင်းကြောင့် ဖြစ်မည်။
"နာမည်"
စူးရှပြတ်သားသည့် လေသံမာမာက P လုပ်ငန်းစု၏ ကုမ္ပဏီအဆောက်အဦး လေးလွှာမြှောက် မှ လာသည်။ ထိုအသံသည် ဩဇာအာဏာ အပြည့်ဖြင့် ဟောခန်းမ တစ်ခုလုံးအား လွှမ်းခြုံသွား၏။ ခပ်မာမာနဲ့ မေးလိုက်သည့် အင်တာဗျူးမည့်သူရဲ့ မေးခွန်းကို အင်တာဗျူး လာဖြေသည့် သူက ချက်ချင်း မဖြေပဲ ဟက်ခနဲ တစ်ချက်ရယ်သွားလေသည်။ စက္ကန့်ပိုင်းလောက်ကြာမှ
"CV form ထဲ ဖြည့်ထားတယ်လေ ကိုယ့်ဟာကို ကြည့်ပါ့လား"
ပြောပြီး ပါးစပ်ထဲက ဝါးလတ်စ ပီကေအား ပူစီဖောင်းအဖြစ် ပြောင်းလဲ မှုတ်ဖောက်လိုက်သည်က ဗောက်ခနဲ။ ခြေထောက်ချိတ်ထိုင်ထားသည့် ပုံစံနှင့် ညာဘက်လက်တစ်ခုလုံး ပြည့်နှက်နေသည့် တက်တူးများ၊ ပြုမူနေသည့် အနေအထိုင်ပုံစံ၊ piercing လုပ်ထားသည့် မျက်ခုံးတန်းတို့နှင့် အောက်နှုတ်ခမ်း အလုံးစုံကို ခြုံကြည့်ရင်း Jimin သွေးတက်သလို မျက်ခုံးနှစ်ခုကြား နှိပ်နယ်နေမိသည်။ ဒီလိုကောင်မျိုးကို Kim Hyemi ဘာကြောင့်များ ရူးသွပ် နေပါလိမ့်..။
YOU ARE READING
Adam and Casanova
FanfictionUnicode, Adam & Eve က ရိုးနေပါပြီ.. ခင်ဗျားနဲ့ ကျွန်တော် ဆိုရင်ရော..