Chapter -2

813 145 6
                                    

Unicode,

Adam & Casanova
Chapter -2

"သူက.."

Bar ရဲ့ အနောက် လမ်းကြားလေးထဲ တစ်ယောက်တည်း ရပ်ကျန်နေခဲ့သည့် ကောင်လေးကို မေးငေါ့ပြရင်း ပြောလာသော သူငယ်ချင်း စကားကို Jungkook ပခုံးတစ်ချက်တွန့်ပြလိုက်မိသည်။

"ပိုက်ဆံရှိရင် အရာရာ လုပ်လို့ရတယ် ထင်နေတဲ့ အူကြောင်ကြောင် သူဌေးသားလေးထင်ပါတယ်၊ စိတ်ဝင်စားဖို့ မကောင်းပေမဲ့ ငါ့ဖုန်းနံပါတ်ပေးခဲ့တယ် Angry bird လေးလို ချစ်စရာလေးမို့ ကစားကြည့်ချင်လို့"

Casanova...။ နာမည်နဲ့လိုက်တဲ့ ခပ်မိုက်မိုက် playboy လေးပေါ့။ သီချင်းရေးဖို့ ကုန်ကြမ်းရှာတဲ့ အနေနဲ့ အပျော်ရည်းစားထားတယ်။ အယ်.. စည်းတော့ထားတာပေါ့။ တကယ်ချစ်မိမှာ စိုးလို့ ရေရှည် မတွဲဘူး။ နဂိုရည်းစားရှိတဲ့သူတွေဆို ရှောင်တယ်။ ပြီးတော့ တစ်ဖက်လူက သူ့ကို အတည်ကြီး ချစ်မိနေပြီထင်ရင် အဲ့ဒီ့ဆက်ဆံရေးကို တိခနဲ ရပ်တန့်လိုက်နိုင်တယ်။ ဒါက အချစ်၊ အမုန်း၊ အလွမ်း၊ အဆွေး ခံစားချက်ကို သီချင်းရေးဖို့နေရာမှာ သုံးတဲ့ Casanova။

"မင်း ရူးနေလား ဘာကို ကစားမှာလဲ ဟိုကမင်းကိုတောင် ပြန်ကစားသွားဦးမယ်၊ အဲ့တာ P အုပ်စုရဲ့ သားကွ၊ စီးပွားရေး လောကမှာ လူငယ်တွေရဲ့ Idol လေ၊ ဟိုတလောကတောင် TV အစီအစဉ်မှာ လာသေးတယ် သူ့ကောင်မလေးနဲ့ စီးပွားရေးလောကရဲ့ Adam နဲ့ Eve ဆိုပြီး၊ရှယ်ချစ်တာကွ သူတို့အတွဲက"

Jungkook ခပ်ပါးပါး ပြုံးလိုက်မိသည်။ ရှယ်ချစ်တဲ့အတွဲဆိုပြီး ဘယ်လိုဖြစ်လို့ သူ့ဆီရောက်လာပါလိမ့်။ ကောင်မလေး ဘက်က မှားနေသလား။ ကောင်လေးဘက်က လွဲနေပြီလား။

"မင်းပြောမှ ပိုစိတ်ဝင်စားသွားပြီ"

"တကယ် ရူးသွားတာတော့ မဟုတ်ဘူးမလား၊ ဟိုက ကောင်မလေးပါ ရှိပါတယ်ဆို ဘာအတွက် စိတ်ဝင်စားတာလဲ"

"သီချင်းရေးဖို့ ကုန်ကြမ်းလေ၊ သူ့နာမည် ဘယ်သူတဲ့လဲ"

လက်ထဲရေးပေးလိုက်သည့် ဖုန်းနံပါတ်လေးကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း Jimin သက်ပြင်းရှည် တစ်ချက် ဆွဲချလိုက်မိသည်။

Adam and CasanovaWhere stories live. Discover now