Chapter-3

735 145 4
                                    

Unicode,

Adam & Casanova
Chapter -3

"ငါနဲ့ Hyemi နဲ့ ဆက်ဆံရေးက မင်းထင်ထားတာထက် ပိုပြီး လေးနက်ရှုပ်ထွေးတယ်"

Jimin အိမ်ရဲ့ ဧည့်ခန်းထဲ မနေ့ကလိုပဲ ညနေစောင်း ကျော်ကျော် အချိန်လေးတွင် ဖြစ်သည်။ Jimin ရဲ့စကားကို Jungkook က ပန်းသီး တစ်လုံး ခွဲပေးနေရင်း ငြိမ်သက်စွာ နားထောင်ပေးနေ၏။

"ဒါဆို Hyemi က ဘယ်လို မိန်းကလေးလဲ ပြောပြကြည့်မလား"

ဒါကိုလည်း Jimin မှာ ချက်ချင်း မဖြေနိုင်။ သွက်လက် လှပတဲ့ စီးပွားဖက် မိန်းကလေးတစ်ယောက်၊ စကားနိုင်လုနေကျ သူငယ်ချင်း တစ်ယောက်၊ အဲ့ထက် ပိုမမြင်တာကြောင့် ဖြစ်မည်။ အတော်အကြာ တိတ်ဆိတ် ပြီးမှ တစ်ခွန်းတည်း ထွက်လာသည်။

"လှတယ်"

"ဒါပဲလား၊ ကိုယ့်ချစ်သူကို ဖော်ကျူးတဲ့စကားကလေ၊ ခင်ဗျားသူ့ကို ချစ်ရော ချစ်ရဲ့လား ဘယ်လိုများ ရည်းစား ဖြစ်သွားကြတာလဲ"

ထိုမေးခွန်းတွေကိုတော့ မဖြေလို့ မဖြစ်ဟု သတ်မှတ် မထားသည်ကြောင့် Jimin ဘာမှပြန်မဖြေလိုက်ပါ။ Jungkook က အားမလို အားမရဟန် လက်ထဲမှ ပန်းသီးခွဲနေသည့် ဓါးကို ခဏ ဘေးချကာ

"သူ့ဆီ ဖုန်းဆက်ကြည့်မလား"

"ဘာလို့ဆက်ရမှာလဲ ပြောစရာလည်း မရှိပဲ"

"မဟုတ်သေးဘူး၊ ရည်းစားတွေလေ ပြောစရာရှိမှ ဆက်တာလား"

Jimin က သူမမှားသလို အေးအေးဆေးဆေးပဲ ခေါင်းညိတ်ပြလိုက်သည်။ တကယ်လည်း သူမမှားပေမဲ့ပေါ့။ Jungkook ကတော့ သက်ပြင်းတစ်ချက် ဆွဲချလိုက်ပြီး

"အခုဖုန်းဆက်လိုက်လေ ဘာလုပ်နေလဲ ညစာစားပြီးပြီလား ပေါ့ပေါ့ပါးပါးလေးပေါ့၊ ဘယ်သူမဆို အဲ့လို သေးသေးမွှားမွှားလေးတွေ စိတ်ဝင်တစား လိုက်မေးတာကို သဘောကျကြမှာပါ၊ သူ့အကြောင်း သေးသေးမွှားမွှား လေးတွေကအစ စိတ်ဝင်စားတဲ့ သဘောလည်း သက်ရောက်တယ်လေ"

အကြောင်းအရင်း ရေရေရာရာ မရှိပဲ ဖုန်းပြောရတဲ့ အလုပ်မျိုး Jimin မုန်းပေမဲ့ လောလောဆယ်တော့ Hyemi ကို လိုအပ်နေသေးတာမို့ Jungkook စကားအတိုင်း ဖုန်းခေါ်လိုက်သည်။

Adam and CasanovaWhere stories live. Discover now