part 1 (Zawgyi)

469 12 0
                                    

ငါထင်တယ် လူတိုင်းရဲ့ဘ၀သက်တမ်းတစ်လျှောက်မှာ သူငယ်ချင်းမကရည်းစားမကျတစ်ယောက်ယောက်တော့ရှိခဲ့ဖူးလိမ့်မယ်လို့လေ
ဒါပေမယ့် ငါ့မှာတော့ ရည်းစားထက်တောင်ပိုတဲ့သူငယ်ချင်းတစ်ယောက်ရှိနေတယ်

အဲ့တာကထူးဆန်းတယ်မထင်ဘူးလား?

ငါနဲ့ bui နဲ့က ငယ်ငယ်လေးကတည်းက
ခင်လာတဲ့သံယောဇဉ်မျိုးမဟုတ်ဘူး
First year က guide တန်းမှာစတွေ့ခဲ့ကြတာ
ခု ငါတို့၂ယောက်လုံး
Third year ရောက်ပြီဆိုတော့
ခင်လာတာ ၂နှစ်လို့ပဲပြောရမှာပေါ့လေ

ငါကတော့ပုံမှန်အတိုင်းပဲ ကောင်မလေးတွေနဲ့အီစီကလီရိုက်တယ် သူငယ်ချင်းတွေနဲ့ လူငယ်ပီပီအတတ်ဆန်းတယ် အလေလိုက်တယ် စာကတော့လုပ်ရင်ရပေမယ့်
နဂိုကတည်းက ညဏ်ကောင်းပြီးသားဆိုတော့
ပေါ့ချင်တယ် စာကိုနီးမှလုပ်တယ်

ငါတို့ကျောင်းက အခန်း A B C D E ထိရှိတာ
ပြီးတော့အမှတ်နဲ့စီချပြီးအခန်းခွဲတာတောင်
ငါက C လောက်တော့စာမကြည့်ပဲရောက်အောင်
ညဏ်ကောင်းတယ် အဲ့တာတွေကြောင့်မို့လဲမာန်တက်ပြီးစာမလုပ်ဘူး ငါ့သူငယ်ချင်း Jeff လဲထိုနည်းတူပဲ ငါနဲ့အမြဲဆိုးဖော်ဆိုးဖက်ပေါ့လေ

ဒါပေမယ့် Bui
ငါရဲ့bui
ငါရဲ့ bui ကတော့ထူးဆန်းတယ်
Bui ကနှင်းလိုဖြူနေတဲ့အသားအရေနဲ့ mulletကေဆံပင်မဲမဲအိအိလေးတွေကြောင့် ဂိုက်၁၀၀၀လောက်ကကြည့်ရင်တောင် ငါရဲ့ buiကဘယ်လောက်လှလဲ ခန့်မှန်းလို့ရတယ်
အဲ့တာကိုမှ ငါသဘောအကျဆုံးဖြစ်တဲ့ပါး
ချိုင့်ခွက်ခွက်တွေပါထည့်ပေါင်းထားတော့

ငါရဲ့ bui က ကအတည်ကြီးလှတယ်
စောက်ရမ်းလှတယ်
ငါတကယ်ပြောတာ ငါငယ်ငယ်ကနေတဲ့ချင်းမိုင်ထက်တောင်လှတယ်

အမှန်တိုင်းပြောရရင် အရင်ကတည်းက
ငါကပါးချိုင့်တွေကိုအရမ်းသဘောကျတတ်တာ
အဲ့တာကြောင့်လဲ
ငါတို့guide တန်းကိုစရောက်ရောက်ချင်း ငါ့တစ်ယောက်ထဲကိုပဲ ပြုံးပြလာတဲ့ပါးချိုင့်ပိုင်ရှင်ကို ခင်မင်အောင်တမင်ချဉ်းကပ်ခဲ့တ

အခုတော့ ငါပါးချိုင့်တွေတိုင်းကိုမကြိုက်တော့ဘူး
ငါ့bui ပါးချိုင့်တွေကိုပဲကြိုက်တော့တယ် ကျန်တဲ့ပါးချိုင့်တွေက bui ကိုယှဉ်ရင် ရိုးရိုးမျက်နှာကြွက်သားအားနည်းလို့ခွက်နေတဲ့ ပုံမှန်အခွက်တွေလိုပဲ

ဗြူဂျကာပန်နဲ့ပတ်သတ်ပြီး ငါ့စိတ်တွေကအရမ်းထူးဆန်းနေတယ် (Completed)Where stories live. Discover now