part 4(zawgyi)

289 7 0
                                    


စိတ်နဲ့ကိုယ်နဲ့လဲမကပ်ပါဘူး
အပင်အတုတွေကိုရေမှားမှားလောင်းနေတာ ၃ခါရှိပြီ ငါတို့၂ယောက်ရန်ဖြစ်ပြီးကတည်းက ငါကျောင်းကိုမသွားတော့ဘူး

Bui
ငါ့ရဲ့buiမဟုတ်တော့တဲ့
သူများ bui ကတော့ဖုန်းဆက်ရှာတယ်
ဒါပေမယ့်ငါမကိုင်ချင်ဘူး ငါသူ့ကိုသေချာလေးတောင်းပန်နိုင်တဲ့အခြေအနေမှကိုင်မယ်လို့စဉ်းစားထားတယ်

တကယ်တမ်းပြန်တွေးကြည့်ရင် ငါကသာမှားတာ
သူ့အမှတ် သူ့အသား သူ့အခန်း သူ့အချစ်ရေး
သူကြိုက်သလိုလုပ်ပလေ့စေလေ
ငါက၀င်စွက်ဖက်စရာမှမလိုတာ

jeff ကိုတောင်အဲ့လိုမလုပ်တက်တဲ့ငါက သူ့ကျမှ စိုးရိမ်စိတ်တွေ သူများကိုမပေးချင်တဲ့စိတ်တွေပေါ်လာတယ် စိတ်တွေရှုပ်လိုက်တာ ငါဘာတွေဖြစ်နေတာလဲ တစ်ခါဒီလိုမဖြစ်ဖူးတာကို

ငါခေါင်းကိုတဗြင်းဗြင်းကုတ်လိုက်ရင်း
ငိုချဖို့တွေးနေပေမယ့်
ဖုန်းသံကြားတော့ ငါ့နှုတ်ခမ်းစွန်းတွေကကော့ပြန်လာတယ်
Bui ထင်တယ် ဘာပဲဖြစ်ဖြစ်ဒီတစ်ခါကိုင်လိုက်တော့မယ် မူတာလဲတော်ပြီ ငါဝန်ခံတယ်လွမ်းနေပြီ

"ဟယ်လို ငါ့ bui"

"မင်း bui မဟုတ်ဘူး မင်းဖေငါ"

ငါအသံဆိုးကြီးကိုကြားလိုက်တော့
ကယောင်ကတန်းနဲ့ ဖုန်းကိုနားနဲ့ခွာပြီး contact ကိုကြည့်လိုက်တော့ ဖုန်း screen မှာ JEFF ဆိုတဲ့စာလုံးကြီးတွေကပြူးပြူးကြီးမို့အရှက်ပြေချောင်းဟန့်ရင်း

"အေးပြောဘာလဲ"

"ငါသတင်းထူးပြောစရာရှိလို့ အခုနကမင်း bui လေဒီနေ့ဂျူနီယာလေးကိုအဖြေပေးတော့မယ်တဲ့ မင်းတို့၂ယောက်တွေ့နေရာ စာကြည့်တိုက်ကအကွယ်နေရာလေးမှာလို့ပြောတာပဲ ငါကြားလာခဲ့တာ "

ငါကြားကြားချင်းကိုယ့်နားကိုယ်တောင်မယုံနိုင်ဖြစ်သွားရတယ် ငါတို့၂ယောက်ရဲ့နေရာမှာဘာလို့လဲ အဖြေပေးမယ့်ကိစ္စကိုခန့်မှန်းမိပေမယ့်
ဘာကိစ္စဒီနေရာမှပေးမှာလဲ
ငါစိတ်တွေတော်တော်ရှုပ်ထွေးသွားတယ်
ဘာလို့လဲ ဘာလို့လဲ bui ရယ်

"ဟေ့ကောင်ကြားလားငါပြောတာ"
ငါတွေဝနေတုန်းဖုန်းထဲကအသံထက်ထွက်လာသည်။

ဗြူဂျကာပန်နဲ့ပတ်သတ်ပြီး ငါ့စိတ်တွေကအရမ်းထူးဆန်းနေတယ် (Completed)Where stories live. Discover now