part 3 (uni)

802 79 1
                                    

စာမေးပွဲခန်းအပေါက်၀မှာထုံးစံအတိုင်း
Bible ကိုရပ်စောင့်နေလိုက်တယ် bui ကစိတ်အရမ်းပူတတ်လို့တစ်ခုခုဆိုစောရောက်နေတက်သည်။ Bibleကတော့ထုံးစံအတိုင်း အချိန်ကိုကွက်တိလောက်မှမှန်းလာတက်တယ် အဲ့တာကြောင့်မို့ အခုသူတစ်ယောက်ထဲအပေါက်၀လေးမှာစောင့်နေရတာဖြစ်သည်။
Bible ကတော့ပြောရှာပါတယ် နေ့တိုင်းသူ့ဆိုင်ကယ်နဲ့လာကြိုမယ်ဆိုပြီး bui ကိုယ်တိုင်ကိုက လာမကြိုစေချင်တာကြောင့် ငြင်းလိုက်တာ

သူ့ကြောင့်ထူးဆန်းတဲ့ခံစားချက်တွေပိုပြီးထူးဆန်းမလာစေချင်ပါ

ပြောရင်းဆိုရင်း လွယ်အိတ်ကို သူ့၀သီအတိုင်းတစ်ဖက်ထဲလွယ်ကာ ဘေးနားက ခုမှစာအုပ်ကောက်ကိုင်ပြီး စာတွေ တတွတ်တွတ်ရွတ်နေတဲ့ jeff ကိုပုခုံးဖက်ပြီး လှေကားကိုတဖြေးဖြေးပျင်းတိပျင်းရွဲတက်လာတဲ့ Bible ကိုမြင်လိုက်တာကြောင့်
သူစောင့်နေတာကိုမမြင်မှာဆိုးလို့လက်လှမ်းပြလိုက်သည်။သူ့ကိုမြင်တော့ပြုံးသည်။
Bibleက တော်တော်နှစ်လိုဖွယ်ကောင်းတဲ့အပြုံးကိုပိုင်ဆိုင်ထားတာပဲ

"ရောက်နေတာကြာပြီလား ငါပြောသားပဲငါနဲ့အတူတူသွားမယ်လို့"

"မကြာသေးပါဘူး စာတွေရပြီလား" တကယ်တော့တော်တော်ကြာနေပြီ ဒါပေမယ့် သူ့ကိုအမှန်အတိုင်းပြောရင် သူနဲ့လိုက်ခဲ့ဖို့မဲဆွယ်မှာဆိုးလို့ တစ်ခါထဲစကားလမ်းကြောင်းပါလွှဲလိုက်တယ်

"ငါတော့ရပြီ jeff ကတော့ခုမှ သချာ်အဖြေတွေကိုအလွတ်ကျက်တုန်း ဟားဟား "ဆိုပြီးလှောင်သံနဲ့ Jeff ကိုခေါင်းလေးပုတ်ပေးနေသည်။

"မင်းကွာအဲ့လိုကြီးတော့မပြောပါနဲ့ ငါလဲလုပ်နိုင်သလောက်လေးတော့လုပ်တာပဲ
ညဘက်ဂစ်တာသွားတီးရတော့  အချိန်မရှိလို့ဟာကို " jeff ကစကားနဲ့ပြန်ပက်သည်။

"မင်းအဲ့လိုတွေကြောင့်မို့လို့Nong barcode ကပြန်မကြိုက်တာ ဟိုကဆေးကျောင်းသား မင်းကသချာ်ကျက်တဲ့ကောင်"

"ဟမင်းတော်တော့ကွာ ငါငိုချင်လာပြီ"

အင်း.. Jeff jeff
Jeff ကbuiနဲ့  Bible လိုမဟုတ်ဘူး သူက Bible နဲ့အထက်တန်းကတည်းကသူငယ်ချင်း
အမြဲတပူးပူးတတွဲတွဲမို့ လူအထင်ခနခနလွဲခံရသည်။ buiလဲစခင်တုန်းကသူတို့ကိုအတွဲလို့ထင်ခဲ့ဖူးတယ် Bible က  jeff ကိုချုပ်ချုပ်နမ်းတက်တယ်။ buiပြောတာဟိုလိုသဘောမဟုတ်ဘူး ။သူငယ်ချင်းတွေစသလိုမျိိုး
မျက်နှာကြီးနားကို နှုတ်ခမ်းကြီးထော်ပြီး နမ်းသလိုလေ ။

ဗြူဂျကာပန်နဲ့ပတ်သတ်ပြီး ငါ့စိတ်တွေကအရမ်းထူးဆန်းနေတယ် (Completed)Where stories live. Discover now