EP44(U&Z)

1.7K 184 2
                                    

..[ U ]

မုဝမ်ရန် ခုတလောအလုပ်မှနောက်ကျလေ့ရှိပြီး မုကျန်ချန်းကလည်း သူ့ကို လိုက်လံတိုက်ခိုက်နေခဲ့တယ်၊ထိုအပြုအမူကြောင့်
အချိန်မရွေး ကိစ္စကြီးငယ်မဆို ဖြစ်နေတယ်၊
ဖြစ်လာတဲ့ ပြဿနာတွေကလည်း ဖြေရှင်းဖို့ရာ မခက်ပေမဲ့ လွယ်တော့မလွယ်ကူဘူး။
မုရှန်းက အစ်ကို လုပ်သူရဲ့ လုပ်ရပ်အတွက်
အလွန်အားကိုးရာမဲ့နေသလို မုဝမ်ချန်းက
ပို၍ပင် အကြပ်ရိုက်နေ ခဲ့တယ်။

မည်သူကမှမုဝမ်ရန်ရဲ့ အတွေးတွေကို မသိကြဘူး, အကယ်၍ သူသာအမွေမဆက်ခံရ
ပါက မိသားစုစီးပွားရေးက ယိုင်လဲသွားနိုင်တယ်၊မုရှန်းကထို ကိစ္စကို နားလည်သူများထဲမှ တစ်ဦး ဖြစ်တယ် ၊မုဝမ်ချန်းက သူ့အနားမှာ အချိန်အတော်ကြာရှိခဲ့ပေမယ့် ဦးလေး ဖြစ်သူကမုဝမ်ရန်ရဲ့လူဖြစ်ကြောင်းကိုသူသိ
တာမို့ ဘာကြောင့်ဆိုတာကို သူမမေးခဲ့ဘူး၊တကယ်တော့ သူ့စိတ်ထဲ မှာရှိနေတဲ့ မှန်းဆချက် အချို့ကလည်း ရယ်စရာကောင်းနေတာမို့ သူမတွေးဝံ့ဘူး။

ဒီနေ့မှာတော့ ချွီယွဲ့က မုဝမ်ချန်းအား
သူ့ ညီကိုတော် နေကောင်းမကောင်း...
ချို့ယွင်းချက်တစ်စုံတရာရှိမရှိ ကြည့်ရှုပေးဖို့
အဓိက ထားကာစေလွှတ်ခဲ့တယ်၊သူအိမ်ထဲသို့ ဝင်ဝင်ချင်းမှာပဲ မုဝမ်ရန် ရဲ့ ဘဝက
သက်တောင့်သက်သာမရှိတာမျိုး မရှိဘူးလို့သူခံစားမိတယ် ၊မုအိမ်မှာလည်း မုဝမ်ရန်က
သာမန်ရိုးရှင်းသော အိပ်ခန်းကိုသာအသုံးပြုပြီး အဓိကအားဖြင့် အဖြူနဲ့ အနက်ကိုသာ
အသုံးပြုတယ်၊အခုလက်ရှိ အိမ်လေးက
ပို၍အဆင်ပြေပြီး နွေးထွေးစေတယ်၊စာ
ကြည့် ခန်းကို ရုံးခန်းအဖြစ်ထားသည်မှ
လွဲ၍ဧည့်ခန်းနှင့် မီးဖိုချောင်တို့က နွေးထွေးသောအရောင်များ ဖြစ်နေတယ်၊တိုက်ခန်းလေးက အကြီးကြီးမဟုတ်သော်လည်း
အိမ်နဲ့ ပိုတူတယ်။

အခန်းထဲသို့ ဝင်ဝင်ချင်းမှာဘဲ သူ့ရှေ့မှာ
လျှောက်နေတဲ့ မုဝမ်ရန်က ခေါင်းလှည့်ပြီး
ပြောလာတယ်။

" ဖိနပ်လဲ "

မုဝမ်ချန်း :"......."

မုဝမ်ရန် က အရင်အတိုင်းပဲ။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now