EP45(U&Z)

2K 192 3
                                    

..!Please Adult Only ❤🚫🚫
ဒီ အပိုင်းက Changpei မှာ ဆင်ဆာ ဖြတ်ထားတာပါ..တခြား ဆင်ဆာမဖြတ်တဲ့
ဆီက ရှာရေး ပေးထားပါ..ကိုကိုနဲ့ ကလေးရဲ့
ကားခန်းမို့ မကြိုက်သူတွေ ကျော်သွားနိုင်ပါတယ်၊ ကလေး နှစ်ယောက်ကိုတော့
ဝေဖန်ပြစ်တင်ပြောဆိုခြင်းမလုပ်ကြဖို့
အထူး မေတ္တာရပ်ခံပါတယ်နော်!!!

......................................................................

{ U }

လုကျား မသိစိတ်ဖြင့် လက်က တံခါးလက်ကိုင်ပေါ် ရောက်သွားချိန်
မုဝမ်ရန်က သူ့ကို တချက်ကြည့်ကာ
ရင်ခွင်ထဲသို့ဆွဲယူလိုက်တယ်။

သူတကိုယ်လုံး ပူလောင်နေသလိုခံစား
နေရပြီး နံရံကိုမှီကာ သူ့ကိုယ်သူ လက်ရှိအခြေအနေမှ ရုန်းထွက်ဖို့ရာ ကြိုးစားနေ
မိတယ်။

အရာအားလုံးက ရုတ်တရက် ဖြစ်ပျက်လာတော့မည်မို့ သူနောက်လှည့်ပြီး ထွက်ပြေး
ချင်လာတယ်။

မုဝမ်ရန်က လုကျားရဲ့ အခြေအနေကို ကြည့်ရင်း အလျင်စလို မလုပ်ဘဲ လက်နှစ်ဖက်ဖြင့်
လုကျားရဲ့ ခါးလေးကို ဖက်ထားလျက်
လုကျားအား တိုက်တွန်းခြင်းမရှိဘဲ
အပြုံးလေးဖြင့်သာကြည့်နေခဲ့တယ်။

လုကျားက ယောကျ်ားနှစ်ဦး ဆက်ဆံနေထိုင်ပါက ဘယ်လို သဘောသဘာဝရှိတယ်ဆိုတာကို သူသိတယ်၊ဒါပေမဲ့ တကယ့်တကယ်တွေ့ကြုံလာရခြင်းတွင်မူ သူနောက်ဆုတ်ချင်နေမိတယ်။

မြီးကောင်ပေါက်အရွယ်တုန်းကလည်း
အမျိုးသားနဲ့ အမျိုးသမီးကြားသွေးသားရောနှောမှု ခံစားချက်များက သူ့ထံတွင်
မရှိခဲ့၊ဆယ်ကျော်သက်အရွယ် 17/18 နှစ်တွင်လည်း ဆန့်ကျင်ဘက်လိင်ရဲ့ ခန္ဓာကိုယ်အား
စူးစမ်းလိုစိတ်နှင့် အလို ဆန္ဒတို့ ရှိသင့်ပြီ ဖြစ်သော်လည်း လုကျားကတော့ ချွင်းချက်ပင်၊
မိန်းမ ယောကျ်ားဆန့်ကျင်ဘက်လိင်ကြား ချစ်ခြင်း မေတ္တာထက်သူကမုဝမ်ရန်နား
ကပ်နေရတာကိုသာသဘောကျခဲ့
သူဖြစ်တယ်။

အဲ့ဒီတုန်းကဆို သူတို့နှစ်ယောက် ရုပ်ရှင်
အတူ ကြည့်ကြတယ်။ မုဝမ်ရန်က ပျင်းစရာကောင်းတဲ့Heavy dramaတွေကို ကြည့်လေ့ရှိပြီး သူက ရုပ်ရှင်တဝက်မှာတင် အိပ်ပျော်သွားတတ်တယ်၊မုဝမ်ရန်ရဲ့ ပခုံးပေါ်တွင်
တစ်နာရီ လောက်ထိ အိပ်ပြီး နိုးလာချိန်၌လည်း အိပ်ပျော်ချင်ယောင်ဆောင်နေရင်း ငါးမိနစ်လောက် ရိုးသားမှုမရှိဘဲ
ရင်ခွင်ထဲဆီ တိုးဝင်လိုက်သေးတယ်။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now