Part-12(Uni)

30K 1.6K 72
                                    


"ရိပ်ထင် ကိုယ့်ကိုအင်္ကျီကြယ်စေ့ကူတပ်ပေးပါဦး.."

"ဟုတ် အစ်ကို..."

ခေါက်ထားတဲ့စောင်ကို သေချာချလိုက်ပြီး ရနပ်ထင်အစ်ကို့ရှေ့မှာရပ်လိုက်သည်။

"မနက်ကစောစောထတာလား..."

"ဟုတ်တယ် အစ်ကို...
ဘုရားရှိခိုးပြီးဒေါ်ပုကိုဝိုင်းကူနေတာ..."

"မပင်ပန်းဘူးလား..."

"မပင်ပန်းပါဘူး အလုပ်တစ်ခုခုမရှိရင်သာမနေတတ်တာ..."

"ဟုတ်ပါပြီး အရမ်းလေးပင်တာတွေလည်းမ,မနေနဲ့ဦးနော်..."

"ဟုတ် အစ်ကို..."

သူ့အင်္ကျီကိုကြယ်စေ့စုံအောင်တပ်ပေးပြီး ကော်လံကအစသေချာပြင်ပေးနေသည့်ရိပ်ထင်..

"မင်းဖျော်ပေးတဲ့ကော်ဖီကိုကိုယ်အရမ်းကြိုက်တယ်..."

"ဒါဆို ဒီမနက်ဖျော်ပေးမယ်နော်..."

"အင်း ကျေးဇူး..."

ရိပ်ထင်ကအပြုံးလေးဖြင့်ခေါင်းညိတ်ပြသည်။ မနက်စာစားဖို့အတွက်ဆင်းလို့ရနေပြီကို ဘာကြောင့်မှန်းမသိ သူအချိန်တွေဆွဲနေမိသည်။

"နေ့ခင်းပူရင် ခြံထဲမှာဆင်းနေ ကိုယ်ခုံလေးလုပ်ပေးထားတယ်..."

"ဟုတ်....
အစ်ကိုပြီးရင် မနက်စာစားဖို့ဆင်းရအောင်လေ..."

"အင်း ဆင်းရအောင်လေ...
ဖြေးဖြေး ကိုယ်တွဲပေးမယ်..."

ပခုံးပေါ်ရောက်လာတဲ့အစ်ကို့ရဲ့လက်တွေကြောင့် ရိပ်ထင်ကိုယ်လေးတုန်သွားသည်။

"ရ ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး..."

"မေမေကပြောတယ် ရိပ်ထင်ရဲ့အတက်အဆင်းကိုဂရုစိုက်ပါတဲ့..."

"ဟုတ်..."

ရိပ်ထင်ငြင်းနိုင်ရိုးလား။ အစ်ကိုကသူ့ပခုံးကိုဖက်ထားကာ အိမ်ပေါ်ကအတူဆင်းလာခဲ့သည်။ သူဖျော်ပေးသည့်ကော်ဖီကိုအစ်ကိုကကုန်အောင်သောက်သလို သူလုပ်ပေးတဲ့ပေါင်မုန့်မီးကင်ကိုကောင်းတယ်လို့လည်းပြောသည်။
သူခံစားမိတာက တဖြည်းဖြည်းအစ်ကိုကသူ့ကိုဂရုစိုက်လာသလိုပဲ....

Unexcepted Love (completed)Where stories live. Discover now