Part-16(Uni)

30.7K 1.4K 36
                                    


         တစ်ပတ်ပြည့်သွားပြီ ရိပ်ထင်တို့သားဖထွက်သွားတာဒီနေ့ဆိုတစ်ပတ်ပြည့်သွားပြီ။ သူ့ဆီကိုဖုန်းတောင်ဆက်ဖော်မရ။ မနေနိုင်တဲ့သူကပဲ ဖုန်းဆက်ရသည်။ ဒါတောင်အင်းအဲပဲလုပ်နေသေးတာ။ သွားတွေ့ချင်တယ် ရိပ်ထင်ကိုရော သားသားကိုရောသွားတွေ့ချင်တယ်။

"မင်းစိတ်ကိုမင်းမသိသေးသရွေ့ ရိပ်ထင်နဲ့သွားမတွေ့နဲ့" ဆိုတဲ့မေမေ့စကားကြောင့် သူမသွားဖြစ်။ အခန်းထဲသူတစ်ယောက်ပဲရှိနေကာ တိတ်ဆိတ်လွန်းလှသည်။ ကုတင်ပေါ်မှာလှဲနေတဲ့သူကအသက်မပါလှ။ အပြင်လည်းသူမသွားချင် အခန်းထဲမှာပဲနေချင်သည်။ သူ့ပုံစံကိုကြည့်ပြီး သီဟတောင်မေးနေသေးတာ ကိုညီအသဲကွဲနေတာလားတဲ့...
သူအသဲကွဲနေတာလားဆိုတာ သူကိုယ်တိုင်တောင်မသိတော့။ ဒီခံစားချက်ကြီးကိုသူအရမ်းမုန်းသည်။

"ဒေါက်! ဒေါက်!..."

"ဝန်းညို အောက်ထပ်မှာပူတူးတို့ရောက်နေတယ်..."

"ဟင်..."

ပူတူးတို့ရောက်နေတယ်ဆိုတာနဲ့ အမြန်ကုန်းထလာသည့် ဝန်းညို...

တံခါးကိုအမြန်ဖွင့် နားကြားများလွဲတာလားလို့ ဒေါ်ပုကိုတဖန်ပြန်မေးရသည်။

"ဒေါ်ပု ဒေါ်ပုပြောတာဘယ်သူရောက်နေတယ်...."

"ပူတူးတို့ပါ..."

"တကယ်လား ဒေါ်ပု..."

ဝမ်းသာအားရနဲ့ပြေးဆင်းသွားတဲ့ဝန်းညိုကိုကြည့်ပြီးဒေါ်ပုမှာခေါင်းတခါခါနှင့်။

"သားသားရေ ဖိုးဖိုးကြီးဆီလာပါဦး..."

"အဲ....."

"သားသားက ဖိုးဖိုးကြီးဆီလာချင်နေတာပဲ...
လာပါဦး သားရယ်..."

ဝန်းညိုရဲ့ဖေဖေမြေးကိုလက်ကကိုမချပေ။ တပတ်စာအလွမ်းတွေကိုအတိုးချသယ်နေတာ...

"ဒီမှာကလေးပါပါးအတွက်စပျစ်သီးယူလာပါတယ်...
ပူတူးနေလို့ကောင်းတယ်မလား..."

"ဟုတ်ကောင်းပါတယ် အန်တီ..."

"ပူတူးနဲ့သားသားကိုလွမ်းနေတာ နေ့တိုင်းတောင်လာချင်တာ ဒူးကသိပ်မကောင်းလို့.."

မေမေလောကွပ်ချော်နေတာ မေမေသာမြေးနဲ့သမက်ကိုချစ်တယ်ဆို အခုလိုခွဲနေဖို့မပြောသင့်ဘူး အခုတော့ကြားထဲကသူပဲစိတ်ဆင်းရဲနေရတယ်...

Unexcepted Love (completed)Where stories live. Discover now