0

903 60 4
                                    

"မောင့် ကို ချစ် တယ်"

မောင်။မောင်ဆိုတာ ကျွန်တော့်နှလုံးသားထဲမှာ အမြစ်တွယ်နေတဲ့ လူတစ်ယောက်ကို နာမ်စားနဲ့ ခေါ်တာဖြစ်တယ်။မောင်က ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု။မောင်က ကျွန်တော့်ရဲ့ အချစ်ဦး မောင်က ကျွန်တော့်ရဲ့ အရာအားလုံး ဖြစ်တယ်။ကျွန်တော် သေထိတိုင် မှတ်မိနေမယ့် တစ်ဦးတည်းသော ကျွန်တော့်ရဲ့ ချစ်သူ မောင်။နှစ်ယောက်မရှိတဲ့ မောင့်ကို ကျွန်တော် သိပ်ချစ်ရပါတယ်။အချစ်ဆိုတာ ကျွန်တော့်အတွက် ပေးဆပ်ခြင်းနဲ့ စောင့်ဆိုင်းခြင်း သက်သက်သာ ဖြစ်တယ်။မောင်နဲ့ ပတ်သတ်တဲ့ အမှတ်ရစရာတွေ တွေ့မိရင် လွမ်းတတ်တာ ကျွန်တော့်အပြစ်လား။မောင့်အကြောင်း တွေးမိတိုင်း ကျွန်တော့်ရင်ဘတ်က အုံ့နွေးနွေး ဖြစ်သွားတာတော့ ကျွန်တော် သတိပြုမိတယ်။

"သိပ် လွမ်းတာပဲ မောင်ရယ်"

မောင် ထွက်သွားတဲ့ နေ့ရက် ၊ နာရီ ၊ မိနစ် ၊ စက္ကန့်တွေကို ကျွန်တော် ရေတွက်ရင်း နေ့ရက်တိုင်း မောင်ပြန်ရောက်လာပါစေ ဆိုပြီး ကြိတ်ဆုတောင်းနေတာ မောင်ကြားပါစေ။ညတိုင်း မောင့်အကြောင်းတွေးရင် မျက်ရည်ကျရတာ မောင်မြင်ပါစေ။မိုးရွာတိုင်း မောင့်ကို သတိရ ရတာ မောင်သိပါစေ။လေပြေလေးရေ ၊ လမင်းကြီးရေ ၊ မိုးစက်လေးတွေရေ ၊မောင်သိအောင် ‌ပြောပြလိုက်စမ်းပါလေ။

"ဒီလူသား ချွဲဘောမ်ဂယူက မောင့်ကို တစ်သက်လုံးစောင့်နေမှာပါလို့"

.........................................
သိပ်ကိုနူးညံ့တဲ့ Short story လေးတစ်ပုဒ် ဖြစ်လာမယ် ထင်ပါတယ် ♡
.............................................

"ေမာင့္ ကို ခ်စ္ တယ္"

ေမာင္။ေမာင္ဆိုတာ ကြၽန္ေတာ့္ႏွလုံးသားထဲမွာ အျမစ္တြယ္ေနတဲ့ လူတစ္ေယာက္ကို နာမ္စားနဲ႕ ေခၚတာျဖစ္တယ္။ေမာင္က ကြၽန္ေတာ့္ဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခု။ေမာင္က ကြၽန္ေတာ့္ရဲ႕ အခ်စ္ဦး ေမာင္က ကြၽန္ေတာ့္ရဲ႕ အရာအားလုံး ျဖစ္တယ္။ကြၽန္ေတာ္ ေသထိတိုင္ မွတ္မိေနမယ့္ တစ္ဦးတည္းေသာ ကြၽန္ေတာ့္ရဲ႕ ခ်စ္သူ ေမာင္။ႏွစ္ေယာက္မရွိတဲ့ ေမာင့္ကို ကြၽန္ေတာ္ သိပ္ခ်စ္ရပါတယ္။အခ်စ္ဆိုတာ ကြၽန္ေတာ့္အတြက္ ေပးဆပ္ျခင္းနဲ႕ ေစာင့္ဆိုင္းျခင္း သက္သက္သာ ျဖစ္တယ္။ေမာင္နဲ႕ ပတ္သတ္တဲ့ အမွတ္ရစရာေတြ ေတြ႕မိရင္ လြမ္းတတ္တာ ကြၽန္ေတာ့္အျပစ္လား။ေမာင့္အေၾကာင္း ေတြးမိတိုင္း ကြၽန္ေတာ့္ရင္ဘတ္က အုံ႕ႏြေးႏြေး ျဖစ္သြားတာေတာ့ ကြၽန္ေတာ္ သတိျပဳမိတယ္။

"သိပ္ လြမ္းတာပဲ ေမာင္ရယ္"

ေမာင္ ထြက္သြားတဲ့ ေန႕ရက္ ၊ နာရီ ၊ မိနစ္ ၊ စကၠန႔္ေတြကို ကြၽန္ေတာ္ ေရတြက္ရင္း ေန႕ရက္တိုင္း ေမာင္ျပန္ေရာက္လာပါေစ ဆိုၿပီး ႀကိတ္ဆုေတာင္းေနတာ ေမာင္ၾကားပါေစ။ညတိုင္း ေမာင့္အေၾကာင္းေတြးရင္ မ်က္ရည္က်ရတာ ေမာင္ျမင္ပါေစ။မိုး႐ြာတိုင္း ေမာင့္ကို သတိရ ရတာ ေမာင္သိပါေစ။ေလေျပေလးေရ ၊ လမင္းႀကီးေရ ၊ မိုးစက္ေလးေတြေရ ၊ေမာင္သိေအာင္ ‌ေျပာျပလိုက္စမ္းပါေလ။

"ဒီလူသား ခြၽဲေဘာမ္ဂယူက ေမာင့္ကို တစ္သက္လုံးေစာင့္ေနမွာပါလို႔"

.........................................
သိပ္ကိုႏူးညံ့တဲ့ Short story ေလးတစ္ပုဒ္ ျဖစ္လာမယ္ ထင္ပါတယ္ ♡
.............................................

မောင်(ေမာင္)Where stories live. Discover now