6

266 38 4
                                    

ကားလေးက ခပ်အေးအေး လေတွေကို ဖြတ်ကျော်ရင်း အိမ်ကို ပြန်နေတယ်။ကားထဲမှာတော့ အနွေးဓာတ်တွေက ဖြန့်ကျက်လို့။ညနေပိုင်းပဲ ရှိသေးပေမယ့် အလင်းရောင်တွေက ခပ်မှိန်မှိန်။နေမင်းကြီးဟာ ဒီနေ့တော့ ထွက်မလာတော့ပါ။မိုးတိမ်တွေကြား ပုန်းလျှိုးကာ ကွယ်ပျောက်နေတယ်။

"ညကြရင် အားလား ဂယူ"

မောင်က ကောက်ကာငင်ကာ မေးတယ်။

"မအားဘူးမောင် ငါ စာတွေ အများကြီး လုပ်ရဦးမှာ"

တကယ်လည်း သူမအားပါ။ကျောင်းလေး သုံးရက်ပျက်မိပါတယ်။စာတွေက တောင်လိုပုံနေပြီ။တစ်ရက်က ဆူဘင်း အိမ်ထိ လာကူးပေးလို့ စာတွေ စာအုပ်ထဲမှာ ရှိပေမယ့် ရှင်းပြဖို့လိုနေတယ်။ဆူဘင်းကလည်း နဂိုက စာမလုပ်တဲ့အပြင် ရှင်းပြတာကို နားမထောင်ထားတာမို့လို့ သူ့ကို ရှင်းပြဖို့ကလည်း မလွယ်။မောင့်ကိုလည်း မရှင်းပြစေချင်။အဲ့ဒါကြောင့် ကိုယ့်ဘာသာကို အိမ်မှာ တွေးတောဖို့ လုပ်ထားတယ်။

"မောင်က ဘာလုပ်မလို့လဲ"

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းပဲ အားလား သိချင်လို့"

မောင်က ပါးစပ်ကသာ ပြောတာ မျက်နှာကြီးက တစ်ချက် ပျက်သွားသေးတယ်။ပြီးမှ ပြန်ပြင်လိုက်တာ။

"မောင် မီဂျင်းကော"

မောင့်ကို မေးတော့ မောင်က နားထင်တစ်ဖက်ကို ဖိနှိပ်ရင်း သက်ပြင်းချတယ်။

"ဟင်းး သူလား သူက သူ့ကောင်လေးနဲ့ ရှိမှာပေါ့"

မောင့်စကားကြောင့် သူတောင် ကားထဲမှာရှိတာ သတိမထားမိဘဲ ထရပ်တော့မလို့။ဘယ်လို ဘယ်လို။ကောင်လေး?။သူကမောင့်ကို မျက်လုံးပြူးကြီးနဲ့ ကြည့်တော့ မောင်က ပြုံးတယ်။ဖြူဖြူစင်စင်လေးပါဘဲ။

"ဂယူ့ကို မောင် မပြောရသေးဘူးလား"

သူက ခေါင်းရမ်းတော့ မောင်က သူ့နဖူးကို သူရိုက်ချလိုက်တယ်။

"အာ မောင် မေ့သွားတာ သူ့ကိစ္စတွေနဲ့ ခေါင်းရှုပ်နေလို့"

မောင်က ဆံပင်တွေကို လက်နဲ့ ထိုးဖွလိုက်ရင်း..

မောင်(ေမာင္)Where stories live. Discover now