1

531 61 0
                                    

အဲ့နေ့က ကျွန်တော် ထီးတစ်လက်ကိုဆောင်းရင်း  အထုတ်ပေါင်းများစွာနဲ့ ဘတ်စ်ကားမှတ်တိုင်ကို လိုက်ရှာနေခဲ့တယ်။မိုးတွေ အရမ်းသည်းနေခဲ့တာပေါ့။ဘတ်စ်ကား မှတ်တိုင်လည်း တွေ့ရော ခြေကုန်သုတ်ပြေးပြီး အတင်းဝင်ထိုင်လိုက်တယ်။

"ဝူး မောလိုက်တာ"

ကျွန်တော် ကိုယ့်ဇောနဲ့ကိုယ် ချွေးပျံနေခဲ့တာလေ။ဘေးနားမှာ လူတစ်ယောက်လုံး ထိုင်နေတာကိုတောင် မမြင်နိုင်ခဲ့ဘူး။

"ဒီ​နေ့ မိုးက အရမ်းသည်းတာပဲ"

"အမ​လေး သောက်ကျိုးနည်း!"

ကျွန်တော် ကျိန်ဆဲမိသွားတယ်။သူက ကျွန်တော့်ကို ခပ်ပြုံးပြုး စိုက်ကြည့်တယ်။သူစိမ်းတစ်ယောက်ကို ရင်းရင်းနှီးနှီး ခံစားချက်ရခဲ့တယ်။အဲ့ဒီအချိန်ထဲက သိခဲ့ရမှာက ကျွန်တော့်ရင်ဘတ်က စတင် အသက်ဝင် လှုပ်ရှားခဲ့တာကိုပေါ့။

"ဆောရီး မမြင်လိုက်လို့''

သူက ရပါတယ်ဆိုတဲ့ သဘော ခေါင်းငြိမ့်ပြတယ်။သူနဲ့ ကျွန်တော် ဘတ်စ်ကားကို စောင့်နေခဲ့တယ်။ခပ်ဖြည်းဖြည်း လာနေတဲ့ ဘတ်စ်ကားကို တွေ့တယ်။ကျွန်တော် မြန်မြန် ထလိုက်တယ်။သူကလဲ ကျွန်တော့်လိုပဲ။ဘတ်စ်ကားရောက်တော့ ကျွန်တော်က အထုတ်တွေနဲ့မို့လို့ ဟိုးနောက်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။သူကလဲ ကျွန်တော်နည်းတူ ထိုင်ခုံမှာ ဝင်ထိုင်တယ်။ကျွန်တော့်ဘေးမှာပေါ့။

သူက အကျ••အိတ်ကပ်ထဲက နားကြပ်ကိုထုပ်ပြီး နားမှာ တပ်လိုက်တယ်။မျက်လုံးအစုံကိုပါမှိတ်ရင်း။ခပ်ဝိုင်းဝိုင်းမျက်လုံးတွေကို ပိတ်လိုက်တာတောင် သူက သိပ်ခန့်ညားနေမှန်း ကျွန်တော်သိတယ်။ထပ်တွေ့ရရင် ကောင်းမှာပဲ။

ပြတင်းပေါက်မှန်ကို တဖျောက်ဖျောက်ထိမှန်နေတဲ့ မိုးစက်တွေက အဆက်မပြတ်။မိုးစက်တွေကို ကျော်​ဖြတ်ရင်း လူသိပ်မရှိတဲ့ ဘတ်စ်ကားလေးက သွားရင်း။ကျွန်တော် ဆင်းရတော့မယ်။

ကားက ကျွီကနဲ ထိုးရပ်၏။သူရဲ့မျက်လုံးတွေ ပွင့်လာတယ်။

"ဆင်းတော့မှာလား"

မောင်(ေမာင္)Where stories live. Discover now