Part-8

3K 291 25
                                    

Unicode

{{ပြဇာတ်ကကြမလား}}

အန်ရေး ရဲ့ တိုက်တွန်းနှိုးဆော်ချက်တွေကြောင့်
အန်မေး နှင့် ဒေစီယာ တို့ စေ့စပ်လက်မှတ်ထိုးပွဲလေးဟာ လျင်မြန်စွာပြီးမြောက်သွားခဲ့တယ်....

ဒုတိယအိမ်တော် ဆီ ခေတ္တအလည်အပတ်သွားနေတဲ့ လူကာဆေးဗား ပြန်ရောက်လာချိန်မှာတော့ စေ့စပ်ပွဲ ပြီးသွားခဲ့ပြီ.......

လူကာဆေးဗား ဟာ လူကာအန်မေး နဲ့ ဒေစီယာ တို့ရဲ့ တရားဝင်လက်မှတ်ထိုးပွဲ ပြီးသွားပြီ ဖြစ်ကြောင်း သိလိုက်ရတာကြောင့် ရတက်မအေးဖြစ်နေတယ်......

ထူးဆန်းစွာပဲ အန်ရေးကလည်း မကန့်ကွက်ဘူး
တစ်လောလေးတုန်းကလည်း အန်ရေး ဟာ အပြင်ကိုသွားရင်သွား
မသွားရင် အိပ်ခန်းထဲပဲ တစ်နေကုန်နေနေတာတော့ သွေးထိုးစကားတွေပြောဖို့ အခွင့်အရေး မရနိုင်ရှာဘူး........

ခုတော့ စေ့စပ်တာတောင်မက လက်မှတ်ပါထိုးပြီးသွားကြပြီတဲ့......
! .......မရဘူး........!

ဒေစီယာ ဆိုတဲ့မိန်းမဆီ အိမ်တော်ကို အပိုင်စီးခွင့် မပေးနိုင်ဘူး......

မနက်ဖြန်ဆို အဲဒီ ဒေစီယာ က ဒီကို လာပြီးနေတော့မယ်တဲ့......
မဖြစ်ရဘူး........

ဒေစီယာ ဟာ အိမ်တော်ဆီလာပြီးနေတော့မှာဖြစ်တာကြောင့် ဆေးဗား ခမ်ာ အကြံအိုက်နေရှာတယ်.......
ဒါကြောင့် ဒေစီယာ တျောက် အိမ်တော်ကို မလာနိုင်အောင် မနေနိုင်အောင် အခွင့်အရေး ရရင်ရသလို သူမစိတ်ထဲမှာ အကွက်တွေ အစီအစဉ်တွေချပြီး နှင်ထုတ်မယ် ကြံစည်နေပါတော့တယ်........

^^ အန်ရေး ကို သွေးထိုးလှုံ့ဆော်ရမယ် ^^
^^ လာမဲ့ လက်ထပ်ပွဲကို ဖျက်ပစ်ရမယ် ^^
^^ ဟုတ်တယ်
အဲ့လိုလုပ်ရမယ် ဟား..ဟား...ဟား... ^^

''ဒေါက်.... ဒေါက်.... ဒေါက်....''

''သားလေး ရေး ဒေါ်လေးပါကွယ်...''

''ဟက်!....ငါ့ကို အသုံးချတော့မယ်ပေါ့ ''

''သား ဒေါ်လေး ဝင်လာလို့ရမလား....''

သူဟာ ရှယ်ယာကစားနေတာတွေကို ခေတ္တ ရပ်ရင်းဖြေလိုက်တယ်.....
''...ရတယ်..ဒေါ်လေး ဝင်လာခဲ့.....''

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now