Part - 11

3.3K 341 49
                                    

Zawgyi

{{မာဝင့်စိတ် က လေး}}

စတော်ဘယ်ရီတို့ကို တစ်လုံး ပြီး တစ်လုံး စားနေတဲ့ ခီရာလေးဟာ စကားပြောလိုက် အန်ရေးကိုခွံ့ကျွေးလိုက်နဲ့အလုပ်များနေလေရဲ့

''တိုကြီး စား စား''
စတော်ဘယ်ရီသီးတစ်လုံး ကို အန်ရေးနှုတ်ခမ်းဆီတေ့ပေးလိုက်သည်

အန်ရေးတျောက် ခီရာက ခွံ့ကျွေးတိုင်းစားနေတာအခုဆို ဘယ်နှစ်လုံးမြောက်မှန်းပင် မသိတော့ပါ

''ကိုကြီး မ ဟုတ် ဘူး ကိုကို
ကိုကိုလို့ခေါ်ရမယ်
ခေါ်ကြည့်ပါဦး ခီရာ''

''တိုတို တိုတို.... ခစ် ......ခစ်..... ခစ်''

ကစားဖို့ ရယ်ဒီဖြစ်နေတဲ့ မာဝင်တျောက်ဟာ ရှေ့ကနှစ်ယောက်ကို မျက်လုံးကြီးပြူးဖြဲကြည့်နေ၏
ရှေ့ကနှစ်ယောက်က တော့ သူ့ကိုကိုယ်ပျောက်လူသားဟု သတ်မှတ်ထားသည်ထင်၏
ပြူးနေတဲ့မျက်လုံးပင်ပေါက်ထွက်တော့မည်
ရှေ့ကနှစ်ယောက်သည်ကား ဗိုလ်နေမြဲကျားနေမြဲပင်
မာဝင်လေးငိုချင်နေပါပြီ

(မာဝင့်အတွေး)
[[သောက်ခွေး အန်ရေးကောင် ငါ့ပေါင်ပေ့လေးကိုခိုးသွားပြီ
ဟာ!!...ဟာ?!
ပေါင်ပေ့ကခွံ့ကျွေးနေတယ်
ငါတောင်တစ်ကြိမ်မှစားဖူးတာ မ ဟုတ် ဘူး
ခွေးမသား အန်ရေး နောက်တစ်ခါလုံးဝခေါ်မလာတော့ဘူး
ငါ့ပေါင်ပေ့ကိုလုယူသွားပြီ
%$$&%#@@%*****]]

သူတို့ကိုအကြည့်လွဲကာနေလိုက်တော့လည်း
အိမ်တော်ပတ်လည်က အလုပ်သမားတွေက သူ့ကိုကြည့်ပြီး တိုးတိုးတိတ်တိတ်ခိုးရယ်နေကြလေရဲ့

မ နေ နိုင်တော့တဲ့အဆုံး.......
**မာဝင်တဲ့ကွ ဒါမျိုးဘယ်ရမလဲ** ဟုစိတ်ထဲမှကြုံးဝါးလျှက်

''ပေါင်ပေ့ ကိုကြီးကို နည်းနည်းလောက်ကျွေးပါလား ဟင်''
မာဝင်ဟာ puppy eye ပုံစံလေးလုပ်ပြီး တောင်းစားလိုက်သည်
အမှန်တော့ သူမစားချင်ပါဘူး
သူ့ပေါင်ပေ့လေးစားနေတာကိုကြည့်ရင်း ပီတိတွေနဲ့တင်ဗိုက်ပြည့်နေတာ

ဒါဆိုဘာလို့ ပေါင်ပေ့ဆီက တောင်းစားရတာလဲ မေးလိမ့်မယ်
သူလည်းပဲ အာရုံစိုက်ခံချင်လို့လေ

တောင်းပြီးမှ နည်းနည်းနောင်တရသွား၏
ပေါင်ပေ့က ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာ သူသာအသိဆုံးပင်
ခီရာ့လက်ထဲက အစားအစာက ပြန်ထွက်ရိုးထုံးစံမရှိ

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now