Part-15

4.5K 382 147
                                    

Zawgyi








[မာဝင့်အတွက်စေတနာဗလပွထားတဲ့အန်ရေး]



ခီရာနဲ့မာဝင် အပေါ်ထပ်ကိုတက်သွားချိန် မိုင်လီဝင်ဟာ လူတျောက်ဆီဖုန်းခေါ်လိုက်သည်

''တူ..တူ...တူ...''

''အေး မျောက်အိုကြီးပြော ''
ဟု ပြန်ဖြေလာသည်

''မြေခွေးကြီး ငါတို့သားအဖတွေမင်းတို့အိမ်ဆီအလည်လာမလို့လုပ်နေတယ် မင်းအားလား''
စီးပွါးရေးလောကရဲ့ မိစ်ဆာကြီးပီသပါပေသည်
ကွက်ကျော်ရိုက်တတ်သည့် လီဝင်ဟာ အန်မေးကိုလွတ်လမ်းမပေးဘဲ တစ်ဖက်ပိတ်ပြောချလိုက်သည်
ငါတို့လာမလို့လုပ်နေတယ် မင်းမအားလည်းအားအောင်လုပ်ထားဆိုသည့်သဘောမျိုးပင်

''ဟား..ဟား...ငါအားပါတယ် မျောက်အိုကြီးရာ
ဒါပေမဲ့ အိမ်ကိုမလာခဲ့နဲ့ ဆေးဗားရှိနေတယ် ရိုင်းနားဘက်ကိုသွားရအောင် ငါတို့အေးအေးဆေးဆေးမတွေ့ရတာလည်းကြာပြီမလား''
အန်မေးဟာ သွေးမတော်သားမစပ်ညီမ အိမ်တွင်ရှိနေသည်ကိုသတိရလိုက်မိတာကြောင့် သူတို့အိမ်လာမည့်အစီအစဉ်ကိုချက်ချင်းငြင်းလိုက်သည်

မိုင်လီဝင်ကလည်း ခီရာ့ကို အကြံပက်စက်လှတဲ့ဆေးဗားသတိမထားမိစေချင်သောကြောင့် လက်ခံလိုက်သည်
''အင်း ရိုင်းနားကျွန်းက မဆိုးပါဘူး
ဒါပေမဲ့ ခီရာလည်းပါမှာဆိုတော့....... ''
ခီရာ့အတွက်အဆင်ပြေပါ့မလားဟု တွေးလိုက်မိသည်

''ခလေးတွေချည်းချန်ထားခဲ့ရင်တောင် အလုပ်ဆင်းရင်ပြန်သွားလို့ရတာပဲ နီးနီးလေးပါ မျောက်အိုကြီးရာ ''

''ကောင်းပြီ ဒါဆိုရိုင်းနားမှာတွေ့မယ် ''

''အေး အေး....
ဒီနေ့တော့ ငါ့သားမက်လောင်းလေးနဲ့တွေ့ရတော့မှာပဲ''

''ငါ့သားက လူကြောက်တတ်တယ် တွေ့ရင်ပြူးဖြဲနေတဲ့မျက်နှာနဲ့ နှုတ်ဆက်မလာနဲ့''
ဒီကောင့်အကျင့်က ငယ်ငယ်လေးကတည်းက အတိုင်း တစ်စက်မှပြောင်းလဲတာမဟုတ်ဘူး
ငါ့သားငယ်လေး လန့်သွားရင် ဘယ်လိုလုပ်မလဲ

''အေးပါကွာ.....
အာ...ငါမေ့နေတာကြည့်စမ်း''
အန်မေးဟာ တစ်ခုခုကိုသတိရသွားသကဲ့သို့ ရုတ်တရက် ထအော်လိုက်သည်

{Rebirth}ချစ်ဇနီးလေးသည်သာကျွန်တော့ဘဝ Where stories live. Discover now