Blue Dragon bar၏ ရုံးခန်းထဲရှိ ဆိုဖာခုံတို့ပေါ်တွင် ဦးလွင်မဟာမြတ်၊ဦးထွဋ်ကိုကို နှင့် ဦးန်ိုင်သီဟ တို့သုံးယောက် ထိုင်လိုက်ကြသည်။
"ကျွန်တော့်နာမည် ဦးလွင်မဟာမြတ်ပါ၊ Mahar Entertainmentရဲ့ ဥက္ကဌ ပါ၊ ဒီဘက်က ရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ ဦးနိုင်သီဟ ပါ"
ဦးလွင်မဟာမြတ်သည် ဆိုင်ရှင်ဦးထွဋ်ကိုကိုထံသို့ Visiting card အား ကမ်းပေးရင်း မိတ်ဆက်လိုက်သည်။
"ကျွန်တော် အခု ပြောချင်တာက အစောက ထာ၀ရ မန္တလေး သီချင်း ဆိုနေတဲ့ ကောင်လေးကို ကျွန်တော့် Entertainment ရဲ့ သင်တန်းသား အနေနဲ့ ခေါ်ထားဖို့ ကမ်းလှမ်းချင်တာပါ၊ သူ အသက် 18နှစ် ပြည့်တဲ့အခါကျရင် Album ထုတ်ပေးဖို့ စာချုပ်လည်း ချုပ်ထားပေးမှာမို့လို့ သူနဲ့အတူ သူ့အုပ်ထိန်းသူတွေကိုပါ တွေ့ချင်လို့ပါ၊ အဲ့တာ ဦးထွဋ်ကိုကို အနေနဲ့ စီစဉ်ပေးလို့ ရမလားဗျာ့၊ အခု သူက ဒီဆိုင်မှာ အလုပ်လုပ်နေတာမို့ ဆိုင်ရှင်ဖြစ်သူ ဦးထွဋ်ကိုကိုနဲ့ အရင် စကားပြောကြည့်တာပါ"
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ၊ ကောင်လေးရဲ့ နာမည်က ထွန်းခန့်သော်တာ ပါ၊ အခု 10တန်း တက်နေပါတယ်၊ အသက်က 15နှစ်ပါ၊ လက်ရှိ အုပ်ထိန်းသူကတော့ ကျွန်တော်လို့ ပြောရမှာပါပဲ၊
သူ့မိဘတွေက မနှစ်က သူ 9တန်းနှစ် အစမှာပဲ car accident ကြောင့် ဆုံးပါးသွားခဲ့ပါပြီ"
"ကြားရတာ စိတ်မကောင်းလိုက်တာဗျာ"
ဦးလွင်မဟာမြတ် နှင့် ဦးနိုင်သီဟ သူငယ်ချင်းနှစ်ယောက် ပြိုင်တူရေရွတ်မိကြတော့သည်။
"ကျွန်တော်လည်း တော်တော် ရှော့ရခဲ့ရတာ၊ သော်တာလည်း ယူကျုံးမရ ဖြစ်ခဲ့ရတာပေါ့ဗျာ၊ သူ့အဖေ မဆုံးခင်က ကျွန်တော့် ဒီဆိုင်ရဲ့ မန်နေဂျာမို့ သူတို့မိသားစုနဲ့ ကျွန်တော် တော်တော်လေး ရင်းနှီးတယ်၊ အဆို ဝါသနာပါတဲ့ သော်တာကလည်း ပိတ်ရက်တွေ ဖခင်ဖြစ်သူနဲ့ ဆိုင်ကို လိုက်လာပြီး သီချင်းဆိုလေ့ ရှိတယ်၊ သော်တာ က သီချင်းဆို ကောင်းတော့ ကျွန်တော်လည်း လာဆိုလေ သဘောကျလေပေါ့ဗျာ၊
အခုလည်း ကျွန်တော် ဆိုင်မှာနေဖို့ ခေါ်ပေမယ့် ခေါင်းမာတဲ့ သူက သူ့မိဘတွေနဲ့ နေခဲ့တဲ့ အိမ်ကိုပဲ ဆက်ငှားပြီး နေနေတာ၊ ဆိုင်မှာ သီချင်းပဲ ဆိုပါလို့ ပြောထားလည်း သူ အချိန်ရရင် ရသလို စားပွဲထိုးပါ ၀င်လုပ်တော့တာပဲ၊
ဒီအချိန်ဆို သူ ပြန်ပြီလား မသိဘူး ကျွန်တော် မေးကြည့်ဦးမယ်၊ ရှိသေးရင် တစ်ခါတည်း တွေ့ပေးလိုက်မယ်လေ၊ သူ့တက်လမ်းအတွက် သူ ၀မ်းသာအားရ လက်ခံမှာပါ"
YOU ARE READING
အောင်မြင်ခြင်းဆီသို့ {Completed}
Romance#ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# * Extra ကို Zawgyi work ထဲမှာ ဖတ်နိုင်ပါတယ် * Start date - Sep - 20 - 2022 End date - Dec - 20 - 2023 (15 Months) Total parts - 123 parts Unicode ခန့်ငယ် ကိုယ့်ကိုကြည့်... ကိုယ...
