Ep 85 Unicode 'p'

3.5K 167 56
                                        


"အင်း ကိုယ့်အပြစ်ကိုယ်သိရင် ကြက်မွှေးယူပြီး အခန်းထဲမှာစောင့်နေ..."

စွမ်းပြည့် အမှန်အတိုင်း ဖြေလိုက်သည်က ကံကောင်းသွား၏။ မဟုတ်လျှင် ဦးရဲစွမ်းက လိမ်တဲ့အမှုပါတိုးကာ နှစ်ဆ သမတော့မည်ဖြစ်သည်။ အစောက သူ စွမ်းပြည့်ဖုန်းတွင် ဖုန်းခေါ်ထားသည့်စာရင်းကို စစ်ကြည့်ရာ မိခင်ဖြစ်သူကို ခေါ်ထားခြင်းမရှိခြင်းကြောင့် ခွင်းမတောင်းရသေးသည်ကို သူ အတတ်သိပါ၏။

"ဟုတ်ကဲ့ ..."

သားတော်မောင် ကြက်မွှေးလေးယူ၍ အခန်းထဲ ခေါင်းငိုက်စိုက်ချ၀င်သွားပြီးမှ ဦးရဲစွမ်း ဇနီးဖြစ်သူအား စကားပြောလိုက်သည်။

"ပြည့် ၊ မင်း ကိုယ့်ကို လိမ်ပြီး သားကို ကာဆီး၊ကာဆီး လုပ်ပေးနေတာတွေ မဟုတ်သေးဘူးနော်၊ ကိုယ် သားဖုန်းကို စစ်ပြီးသား ဒီနေ့ မင်းကို ဖုန်းခေါ်ထားတာ မရှိဘူး၊ ဘာလဲ သားက ကျောင်းကနေ မင်းကို လှမ်းအော်ပြောပြီး ခွင့်တောင်းလိုက်တာလား၊ ဟုတ်လား ... ဟမ်"

"မဟုတ်ပါဘူး၊ ဟို ... အစ်ကိုက သားကို အရမ်း စိတ်ဆိုးနေမှာစိုးလို့ပါ ..."

"ကလေးကို အလိုမလိုက်နဲ့ ပြည့်၊ အဲ့တာ ချစ်တာမဟုတ်ဘူးနော်၊ နှစ်တာ ... မင်းသိလား"

"အစ်ကိုကလည်း ပြည့်သားလေးက ဆိုးသွမ်းနေတာမှမဟုတ်တာကို"

"ကိုယ်သိတယ်၊ ကိုယ်တို့ အုပ်ထိန်းမှုအောက် ရှိနေတဲ့သားက ဆိုးသွမ်းနေစရာလည်း အကြောင်းမရှိဘူး၊ ဒါပေမယ့် လွှတ်ထားလို့လည်းမရဘူးလေ ပြည့်ရာ၊ ဒီအရွယ်‌လေးတွေဆိုရင် ပိုလို့တောင် လွှတ်ထားလိုက်လို့မရတာ၊ ကိုယ်ကတော့ သား ဘယ်အရွယ်ပဲ ဖြစ်နေပါစေ နား၀င်အောင် ပြောရမယ့်နေရာ ပြောပြီး ၊ ရိုက်စရာရှိရင်လည်း ကျော်မသွားနိုင်ဘူး"

"ဟုတ်ကဲ့ပါ၊ ပြည့်က အစ်ကို သားလေးကို အရမ်းရိုက်နေမှာစိုးလို့ ညာလိုက်မိတာပါ၊ ပြည့် တောင်းပန်ပါတယ်"

"ကိုယ် ပထွေး မဟုတ်ဘူးနော် ပြည့်၊ မသိရင် ကိုယ်က သားကို နှိပ်စက်နေတာကျနေတာပဲ"

"အစ်ကိုကလည်း၊ ပြည့်က အဲ့လိုပြောတာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သားကို အရမ်းမရိုက်ပါနဲ့နော်"

အောင်မြင်ခြင်းဆီသို့ {Completed}Où les histoires vivent. Découvrez maintenant