💕 Ten

4.1K 282 4
                                    

✍️ Unicode

" ဪ....... ကဲ..... တော်ပါပြီဆို…… "

ခေါက်ဆွဲကြော်တွေကိုငြိမ်းချမ်းပန်းကန်ထဲအတင်းထည့်ပေးနေတာမို့ ပါးစပ်ကတားလိုက်ရင်း လက်ကလည်းပန်းကန်ကိုနောက်ဆုတ်ယူလိုက်သည်။

ကျောက်တိုင်ကိုဈေးဝယ်သွားရာကနေအပြန်မှာ ခေါက်ဆွဲကြော်နှစ်ထုပ်ဝယ်လာခဲ့ပြီး တစ်ယောက်တစ်ပန်းကန်စားနေကြရာက မကုန်တော့လို့ဆိုပြီး ငြိမ်းချမ်းပန်းကန်ထဲကိုဘုဏ်းမိုရ်ကဇွတ်ထည့်ပေးနေခြင်းပင်ဖြစ်သည်။

တကယ်ကမကုန်တာမဟုတ်ဘဲ ငြိမ်းချမ်းခေါက်ဆွဲကြော်ကြိုက်မှန်းသိလို့ ဇွတ်အတင်းထည့်ပေးနေမှန်းငြိမ်းချမ်းသိပါသည်။ဒါပေမဲ့ နေ့လည်နတ်တက်ပွဲကအပြန်မုန့်‌‌တွေစားခဲ့တာကောမို့ ငြိမ်းချမ်းကတကယ်ကိုဝနေခဲ့တာဖြစ်သည်။

" တကယ်ဝတာမှဟုတ်ရဲ့လား… သုံးထုပ်ဝယ်ခဲ့ရင်လည်း ကိုချမ်းကငွေဖြုန်းတယ်ဆိုပြီးဆူနေမှာစိုးလို့…… "

ဘုဏ်းမိုရ်စကားအဆုံးမှာတော့ တက္ကသိုလ်အတူတူတက်ကြတုန်းက ပိုက်ဆံဖြုန်းတတ်တဲ့ဘုဏ်းမိုရ်ကို ခဏခဏပြောခဲ့ဆူခဲ့ရတာသတိရပြီး ငြိမ်းချမ်းပြုံးချင်သလိုဖြစ်သွားသည်။

" ငါတကယ်ဝတာပါ… နေ့လည်ကနတ်တက်ပွဲကို မမြတ်သူသူခေါ်လို့လိုက်သွားရသေးတယ်… အဲဒီတုန်းကမုန့်တွေစားခဲ့တာကောကြောင့်ပါ… "

" ဪ… ဒါဆိုလည်း ကျန်တာငါစားလိုက်ပြီ…… "

ဘုဏ်းမိုရ်ကပြောပြောဆိုဆိုရှေ့မှာရှိနေတဲ့ပန်းကန်ထဲကခေါက်ဆွဲတွေကိုအားရပါးရစားနေသည်။

" ငါ… ဆိုလာနဲ့ ဘက်ထရီအိုးကော… မီးသီးတွေကောဝယ်လာခဲ့တယ်…… "

" အမ်… ဘာလုပ်ဖို့လဲ… "

ခေါက်ဆွဲကြော်ကိုပလုတ်ပလောင်းစားရင်း ပြောနေတဲ့ဘုဏ်းမိုစကားကြောင့် ငြိမ်းချမ်းစားလက်စကိုခဏရပ်လိုက်မိသည်။

" မီးထွန်းမယ်လေ… "

" ဘာလုပ်မှာလဲ… မီးမရှိလဲ နေလို့ရတာပဲကို…… "

" ငါတို့နှစ်ယောက်ထဲအတွက်မီးထွန်းဖို့မဟုတ်ဘူး…… "

" ဒါဆို ဘယ်သူတွေအတွက်ကောလဲ…… "

💕 ချစ်သောအမောင်Donde viven las historias. Descúbrelo ahora