💕 Twenty-eight

2.7K 181 6
                                    

✍️ Unicode

" ချစ်တာကိုးလို့…… "

" ဒါကလွဲရင်မပြောတတ်တော့ဘူးလား…… "

" ပြောတတ်သားပဲ… "

" ဒါဆိုတခြားစကားပြော… "

" ဟင့်အင်း… ချစ်သောနဲ့တွေ့ရင် ဒီစကားပဲပြောချင်နေတော့တာ…… "

" အ့ဆိုလည်းတစ်ယောက်တည်းပြောနေလိုက်တော့… ဟိုမှာနားနေတဲ့သူတွေထိုင်ရာကထကုန်ကြပြီ… တလင်းယပ်တော့မှာထင်တယ်… ငါတော့သွားပြီ… "

" အမောင်တစ်ယောက်တည်းတော့မနေခဲ့ပါဘူး… ချစ်သောသွားရင် အမောင်လည်းလိုက်ပြီပဲ… "

စကောကိုင်ကာရှေ့ကနေထထွက်လာတဲ့ငြိမ်းချမ်းနောက်ကို ဘုဏ်းမိုရ်လည်းစကောယူကာထလိုက်လာသည်။

" ငြိမ်းချမ်းကော ဆရာလေးဘုဏ်းမိုရ်ကောနားကြပါဦးလား… နေကပူပါဘိတနဲ့…… "

" ကျွန်တော်ကတော့မနားပါဘူး… နေပူလည်းအရေးမကြီးဘူး… အလုပ်လုပ်စရှိပါတယ်… ဘုဏ်းမိုရ်တော့နားချင်နားနေခဲ့… "

" ဟင့်အင်း မနားပါဘူး… ဒီကလူတွေတောင်နေပူခံနိုင်သေးတာ… ကျွန်တော်ကဘာမို့လို့လဲ… "

စကောနဲ့ယပ်လက်စ စပါးပုံဘေးမှာ ငြိမ်းချမ်းရပ်လိုက်တော့ ဘုဏ်းမိုရ်ပါဝင်ရပ်သည်။ကျန်တဲ့လူတွေလည်း စပါးပုံဘေးမှာဝိုင်းပြီးရပ်လိုက်ကြသည်။အမှော်တွေ အမှုန်တွေကင်းစင်နေတဲ့ စပါးပုံက နေရောင်အောက်မှာရွှေရောင်တောက်ပလို့နေသည်။

ကိုသာတုတ်က အမှော်တွေအမှုန်တွေရောနှောနေတဲ့ စပါးပုံကနေ စပါးတွေကိုစကောနဲ့သဲ့ယူကာ စကောနဲ့ယပ်ထားပြီးသားစပါးပုံပေါ်သို့ လေဝေ့ချလိုက်သည်။ကိုသာတုတ်ရဲ့စကောထဲကစပါးတွေက လေထဲမှာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်သွားပြီး ယပ်ပြီးသားစပါးပုံပေါ်ကိုဝဲကျလာသည်။

ယပ်ပြီးသားစပါးပုံက တောင်ပူစာပုံသဏ္ဍာန်ငယ်လိုဖြစ်နေတာမို့ လေးတဲ့စပါးစေ့တွေကအောက်ကိုရောက်သွားကာ မအောင်တဲ့စပါးအဖျင်းစေ့တွေ အမှော်တွေ အမှုန်တွေက စပါးပုံပေါ်မှာကျန်ရစ်သည်။

စပါးပုံအပေါ်ယံမှာကျန်နေခဲ့တဲ့ အမှော်တွေအမှုန်တွေကို စပါးပုံဘေးမှာဝိုင်းရပ်နေကြသူတွေကလက်ထဲမှာကိုင်ထားတဲ့စကောနဲ့ ဘယ်ညာယမ်းကာ လေနဲ့ခတ်ပစ်လိုက်သည်။‌

💕 ချစ်သောအမောင်Where stories live. Discover now