💕 Twenty-four

2.8K 208 10
                                    

✍️ Unicode

" ဟား.... ဟား.... ဟား.... ဟား…… "

ကြယ်တွေတောင်ပျောက်သွားလောက်အောင် ထိန်ထိန်သာနေတဲ့ လမင်းကြီးနဲ့ကောင်းကင်ကြီးရဲ့အောက်မှာ ပျော်ရွှင်စွာအော်ဟစ်ရယ်မောသံ‌တွေက ဆူညံစွာလွင့်လို့ပျံလို့။

ဝိုင်းစက်ပြီး ထိန်ထိန်လင်းအောင်သာနေတဲ့လရောင်ဖွေးဖွေးက ထိန်ထိန်လင်းအောင်ထွန်းထားတဲ့ အောက်လင်းဓာတ်မီးရောင်တွေကိုတော့မထိုးဖောက်နိုင်ကြ။

ဒါပေမဲ့ ဘုန်းကြီးကျောင်းဝင်းထဲရောက်နေကြသူတွေအားလုံးကတော့ ဒီလရောင်ကိုမခံစားမိသူမရှိလောက်အောင် လရောင်ကဖမ်းစားထားနိုင်ဆဲ။

သစ်ပင်ကြီးကြီးတွေလွတ်ရာတစ်ခုတည်းသာရှိတဲ့ ဘုန်းကြီးကျောင်းရှေ့ကကွင်းပြင်မှာ တစ်ရွာလုံးကလူတွေစုထားသလားထင်ရလောက်အောင် လူတွေကလည်းမနည်းမနော။

မဲလိပ်တွေနှိုက်ပြီး မဲလိပ်ထဲမှာပါတဲ့အတိုင်း လုပ်ကြရသူတွေကိုကြည့်ကာ တဟားဟားရယ်မောကြတဲ့အသံတွေကလည်း အိပ်တန်းတက်နေကြတဲ့ငှက်ကလေးတွေတောင်လန့်ဖျတ်ပြီးထပျံကြတဲ့အထိ အုတ်အုတ်သည်းသည်း။

" ကဲ… ဒီတစ်ခါ ဘယ်သူမဲနှိုက်မှာလဲ… မဲနှိုက်လို့ မဲကျတဲ့အတိုင်းလုပ်ပြီးရင် ပစ္စည်းတွေရမ်းယူလို့ရပြီ…… "

မဲလိပ်ထည့်ထားတဲ့ခွက်ကိုကိုင်ပြီးအော်နေတဲ့လူပျိုကြီးကိုသာတုတ်ရဲ့မျက်နှာပေါ်မှာပျော်ရွှင်နေဟန်အပြည့်နဲ့လူကလည်းတက်တက်ကြွကြွ။

ကိုသာတုတ်မှမဟုတ်ပါ။ဘုန်းကြီးကျောင်းဝင်းထဲရောက်နေကြသူတွေအားလုံးပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြရှိနေကြတာကို သူတို့ရဲ့မျက်နှာပေါ် ကအပြုံးတွေကိုမြင်ရုံနဲ့သိသာနေတာပဲ။

ဆရာတော်က ကြာဆံဟင်းခါးချက်ကျွေးရုံသာမက ပျော်ပွဲရွှင်ပွဲတစ်ခုလိုမျိုး ပစ္စည်းတွေကိုမဲဖောက်ပေးသေးတာမို့ ပစ္စည်းတွေကိုလိုချင်တဲ့မျက်လုံးတွေကလည်း ကောင်းကင်ပေါ်ကကြယ်တွေနဲ့အပြိုင်တလက်လက်တောက်ပကြလို့။

ဆရာတော်ကပစ္စည်းတော်တော်များများကို ကျွတ်ကျွတ်အိတ်နဲ့ထည့်ကာ ဝါးလုံးတန်းမှာချိတ်ပြီး ခပ်မြင့်မြင့်ဆွဲပေးထားတဲ့အထဲမှာ တန်ဖိုးနည်းတဲ့ပစ္စည်းတွေလည်းပါသလို တန်ဖိုးကြီးတဲ့ပစ္စည်းတွေလည်းအများသား။

💕 ချစ်သောအမောင်Where stories live. Discover now