Part {7}✨

81 7 0
                                    

Uni

ခန့်ရှိုင်းမာန် သူကိုယ်တိုင်လည်း ဆေးရုံသွားရဖို့နဲ့ ကြွေရုပ်ကို ကျောင်းပို့ဖို့အတွက်ကိုပါ ပြင်ဆင်ရင်း အိမ်ရှေ့ထွက်လာတော့ လူကြီးလူကောင်း ကြွေရုပ် နဲ့ ဟန်ယွန် စကားပြောနေတာကို တွေ့ရသည် ။

" ကိုကိုသိလား မီးလေးကလေ ဒီနေ့ကစပြီးလေ မေမေနဲ့တူတူ ဟိုဘက်လမ်းမှာဘဲနေရတော့မှာ "

"ဟာ..ကိုကိုတော့ သတိရနေတော့မှာဘဲ "

"ကိုကိုပျင်းရင်လာလည်လေ မဟုတ်ရင်လည်း..."

"အင်း မဟုတ်ရင်ဘာဖြစ်လဲပြောပါဦး"

"ကြွေရုပ် နင်ဘာပေါက်တတ်ကရပြောမလို့လဲ"

" အော်...မဟုတ်ရင်လည်း ကိုကို့ကိုဦးခန့်ကအဖော်ပြုပေးလိုက်ပေါ့ "

ဖျန်းခနဲ ဟန်ယွန် မျက်နှာတစ်ခုလုံးနီရဲသွားရသည် ၊ အဲ့ကလေးစကားတတ်ပုံနဲ့တော့ စကားလမ်းကြောင်းလွဲရန်သာ ဟန်ယွန် စဥ်းစားမိသည်

" မနေ့ကမွေးနေ့ကိတ် ခွဲတာကိုကိုမမှီလိုက်ဘူး "

"ကိုကိုက စောစောမှမလာတာ ၊ ဦးခန့်ကမျှော်နေတာ နော်"

အဲ့ကလေးမလေးက ခန့်ရှိုင်းမာန် ကိုကြည့်ပြီး နော် ဟုဆိုကာပြောလာ၏ ၊ သူလည်းအယောင်ယောင်အမှားမှားနှင့်ပင်

" အင်း..ဟုတ်တယ် ကိုယ်ကမျှော်နေတာ "

" ဟုတ် နောက်ကျသွားတာ ၊ ကျောင်းနောက်ကျဦးမယ် "

"ဟုတ်သားဘဲ ဦးခန့် လာလာ ကျောင်းသွားမယ် "

" အင်း ၊ ဟန်ယွန်ကဘယ်သွားမလို့"

" g & g မှာ ခေါက်ဆွဲဘူးဝယ်မလို့ "

" အော် အင်းအင်း "

" ကိုကို တာ့တာနော် "

"တာ့တာ "

ထိုနောက် ကြွေရုပ်ကိုကျောင်းပိုရန်ပင်ထွက်ခွာရတော့သည် ၊ သူ့စိတ်တွင်တော့အတွေးတစ်ခု ကပ်ငြိနေလေ၏ ။

====

ညနေ 4 နာရီ အချိန်လောက်တွင် ဟန်ယွန်သည် ဘိုးဘိုးအားသွားကြည့်ရန် ဆေးရုံသို့လာခဲ့သည် ၊

" မြေးလေး အဆင်ပြေရဲ့လား "

"ပြေတယ်ဘိုးဘိုး ''

Home, Sweet Home (Ongoing)Where stories live. Discover now