Part {13}✨

58 5 0
                                    

Uni

သွန်းခက်ခန့် ဟင်းအမယ်မျိုးစုံကိုပြင်ဆင်ကာ သူ့သမီးလေးကြွေရုပ်အကြိုက်ဆုံးသော ကြက်ဥကျောက်ကျောလေးကိုပါထိုးထား၏ ။ ဝက်သားလေးကိုပဲငံပြာရည်နဲ့နူးအောင်နှပ်ပြီးသေချာပြင်ဆင်ထား၏။ ကြက်သောက်ဆမ်းလေးရယ်အသီးရွှက်အစုံကြော်လေးရယ်ပုစွန်ဆီပြန်ဟင်းလေးရယ်နှင့်အမယ်လေးမယ်ပြင်ဆင်ထားပုံမှာစားချင်စဖွယ် ။

ကြွေရုပ်ကတော့ရေခဲမုန့်နဲ့ပီဇာစားချင်ပါတယ်ဟုဆိုသဖြင့် ခန့်နဲ့ဟိုကလေးဟန်ယွန်တို့နဲ့တူတူသွားဝယ်ကြသည်။ မနေ့က ည8နာရီကျော်လောက်သူ့ဖုန်းကို ခန့်က Vc ခေါ်သည် ။

" မမ ခန့်ဘာလို့ Vc ခေါ်လဲသိတယ်မလား"

"အွန်း မမသိပါတယ် "

"အဲ့တာဆိုပြောပြ"

"ခန့်အရင်ပြော အခုခန့်တို့အခြေအနေ"

"ဘယ်လိုပြောရမလဲဆို ခန့်လည်းနားမလည်ဘူး ခန့်ခံစားချက်ကိုနားလည်သွားတဲ့အချိန်မှာ သူ့ကိုချစ်တယ်လို့ပြောခဲ့တယ် သူချစ်တာလည်း ခန့် မှန်း ခန့်သိတယ် ဒါပေမဲ့အခုခန့်တို့ကချစ်သူရည်းစားတွေမဟုတ်ဘူး ဟန်ယွန်ကလည်း သဘက်ခါပြန်တော့မှာ "

" မမနားလည်ပြီခန့် "

"ဟုတ် အဲ့တာဆိုမမပြောတော့"

"မမက အဲ့ခလေး ကြွေရုပ်မွေးနေ့ကိုလာတဲ့နေ့ထဲက ရိပ်မိတယ် နှစ်ယောက်လုံးရဲ့ခံစားချက်ကို ဘာလို့ဆိုအဲ့ခလေးကလည်း မမနဲ့ပြောနေတုန်းက ခန့်နဲ့စတွေ့တဲ့အကြောင်းကနေခန့်ကဘယ်လိုခင်ဖို့ကောင်းပြီးဘယ်လိုကောင်းတဲ့သူပါဆိုပြီး ပြောပြသွားတာ ၊ ခန့်ကလည်းအဲ့ခလေးမှအဲ့ခလေး ဒါပုံမှန်သူငယ်ချင်းတွေကြားမှာလည်းရှိနိုင်ပါတယ် ဒါပေမဲ့ မမက ခန့်မမလေ နှစ်ယောက်လုံးရဲ့မျက်လုံးတွေကိုမမနားလည်တယ် ခန့်ယောက်ဖကိုလည်းတိုင်ပင်ပြီးပြီ ဘယ်လိုပြောရမလဲ အဲ့ခလေးနဲ့ခန့်ကအဆင်ပြေမယ်ဆိုတာကို မမကသေချာနေတာ အဲ့တာဘဲ "

" ယောက်ဖဘာပြောလဲ "

"သူကအဆင်ပြေပါတယ် ခေတ်လူငယ်ဘဲလေ "

" ခန့် ခံစားချက်ကိုနားလည်ပေးလို့ကျေးဇူးတင်ပါတယ်မမ"

" ရပါတယ်ခန့်ရယ် သိချင်တာသိပြီးရင်လည်းအိပ်တော့ "

Home, Sweet Home (Ongoing)Where stories live. Discover now