Part {12}✨

56 5 0
                                    

Uni

ရွှတ်

နူးညံ့အိထွေးတဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်တွင်မြုပ်နှံထားသော နှုတ်ခမ်းတစ်စုံဟာလည်း

1စက္ကန့်
2စက္ကန့်
3စက္ကန့်
4စက္ကန့်
5စက္ကန့်

ငါးစက္ကန့်မျှအနမ်းပေးပြီးနောက် အနမ်းခံရသူပါးပိုင်ရှင်ကောင်လေးသည် ကြောင်အစွာဖြစ်သွားရတော့သည်။

"လူကြီးခန့်"

" ပြောလေ ဟန်ယွန်"

" ဟင့်အင်း ဘာမှမဟုတ်တော့ဘူး "

သူမဟုတ်သလိုအေးဆေးစကားပြောနေနိုင်သောသူကိုကြည့်၍ဟန်ယွန့်မှာဘာစကားမှမပြောနိုင်တော့။

" ဇာတ်ကားလည်းပြီးသွားပြီ "

" လူကြီးခန့်က အဲ့.. အဲ့လိုကားလည်းကြည့်တာလား"

" အော်... Bl လည်းကိုယ်ကြည့်ဖူးပါတယ် "

" ကြိုက်လား "

" ကြိုက်တော့ကြိုက်ပါတယ် ဒါပေမဲ့ ... ဟန်ယွန့်ကိုပိုကြိုက်တယ်"

"ဗျာ! "

"အခုဘယ်သွားမလဲ"

" အချိန်ကဘယ်လောက်ရှိပြီလဲ"

" 3နာရီ8မိနစ်ရှိပြီ ကြွေရုပ်ကိုသွားကြိုမလား "

" ဟုတ်သွားကြိုမယ် မီးလေးကိုမတွေ့ရတာကြာပြီ"

" ဟုတ်ပြီ ဒါဆိုကိုယ်မမကိုဖုန်းဆက်လိုက်ဦးမယ်"

"ဟုတ်ဟုတ်"

'ဟယ်လို ခန့် '

'မမ ကြွေရုပ်ကိုခန့်တို့သွားကြိုမှာမို့ မမ မကြိုနဲ့တော့နော်'

' ဘာလဲ ဟန်ယွန်လေးနဲ့လား ခန့်ရေ အဆင်ပြေလား'

'ဘာကိုလဲမမ'

'ခန့် နဲ့ အဲ့ခလေးလေး အခြေအနေဘယ်လိုရှိလဲလို့'

'ပြေပါတယ် ဒါပေမဲ့သူကပြန်တော့မှာ နောက်နှစ်ရက်နေရင်'

ပြောရင်းဟန်ယွန့်ကိုကြည့်မိတော့ သူ့အကြောင်းပြောနေမှန်းသိလို့ကြောင်တောင်တောင်လေးနဲ့

'အေး သေချာဂရုစိုက်ပေးလိုက်ဦးနော် ခန့် ၊နင်တို့ ဟို...ဘာညာဘာညာဖြစ်သွားပြီလား '

Home, Sweet Home (Ongoing)Where stories live. Discover now