Love Love Love (Junkyu POV)

983 99 12
                                    

*မောင်*

ဒီနာမ်စားကို ရင်ထဲကပဲ တိတ်တိတ်လေးခေါ်ရဲတယ် ... အပြင်မှာ မောင့်ကို "မောင်" လို့မခေါ်ရဲဘူး ...

ဘာလို့လဲဆို မောင်က ကိုယ်ပိုင်တဲ့သူမဟုတ်လို့ပဲ....

အဲ့ဒါကြောင့် သူများရဲ့လူဖြစ်သွားမှာ အရမ်းကြောက်နေမိတယ်...

စိတ်တွေချုပ်တည်းထားရက်နဲ့ ပိုပိုပြီးသဘောကျလာမိတဲ့ မောင့်ကို တခြားသူဆီမပေးချင်ဘူး...

အတ္တကြီးတယ်ပဲဆိုဆို ‌မောင် သာ တခြားတစ်ယောက်ကို သဘောကျကြည့်... ယောင်္ကျား မာယာ သုံးပြီး မရရအောင် ခိုးပြေးပစ်မယ် ..

____________________________________

"Junkyu~~~~"

Junkyu စာအုပ်ပုံထဲခေါင်းနှစ်နေရာကနေ  မောင့် ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်လိုက်သည်...

"Ruto... ဘယ်လိုဖြစ်လို့ရောက်လာတာ?"

"ဘယ်လိုဖြစ်ရမှာတုန်း .. Junkyu က အဖက်မလုပ်ပဲ ပစ်ထားလို့ အိမ်တိုင်ရာရောက်လိုက်လာရတာလေ"

"အယ်"

Junkyu အနီးနားက ဖုန်းကို ယူကြည့်လိုက်တော့ Missed call 7 ခါနဲ့ Messanger မှာ စာ ၂၅ စောင် မောင့် ဆီက ဝင်ထားလေသည်...

"အာ... Sry ruto .. Noti သံမကြားလို့... hyung စာလုပ်နေတာနဲ့ ဖုန်းကို silent လုပ်ထားလိုက်တာ... "

မောင်က Junkyu အနား လျှောက်လာပြီး ထိုင်ခုံကို သူ့ဘက်ဆွဲလှည့်ကာ တက်ထားတဲ့ မျက်မှန်ကို ဆွဲချွတ်လိုက်သည်..

"Junkyu က မျက်မှန်နဲ့မလိုက်ဘူး... မျက်လုံးလေးက လှရဲ့သားနဲ့ မျက်မှန်ကြီးတက်နေတာ.. Junkyu အလှပျက်တယ်"

Junkyu ကျေကျေနပ်နပ် ပြုံးမိသည်... မောင် က မျက်လုံးလှတဲ့ လူကို ကြိုက်တဲ့သူမို့ မောင့်အတွက် မျက်လုံးလှတဲ့သူတစ်ယောက်ဖြစ်ရတာ ပျော်သည်...

"စာလုပ်တဲ့အချိန်မှ တက်တာပါ... မဟုတ်ရင် မျက်လုံးကိုက်တယ်လေ... ထားပါတော့ ... ခုက ဘာလုပ်ချင်လို့ ရောက်လာတာ‌လဲ"

"ဟော .. နှင်ထုတ်ချင်နေတာလား"

Junkyu မောင့်ကို မျက်မှောင်ကြုံ့ပြီး ပြန်ကြည့်လိုက်ရင်း...

Love Love Love Where stories live. Discover now