Love Love Love (Ruto POV)

578 84 12
                                    

အထက်တန်းဒုတိယနှစ်ရောက်မှ ကိုရီးယားကို ကျောင်းပြောင်းလာတဲ့ Haruto အဖို့ ကိုရီးယားစကားပြောဖို့ အခက်အခဲကြောင့် ဘယ်သူနဲ့မှ စကားမပြောပဲ တစ်ယောက်တည်းနေခဲ့လေသည်... နဂိုတည်းက ခပ်တည်တည်ဖြစ်တဲ့ မျက်နှာပေါက်မို့ တော်ရုံ ဘယ်သူ့ကမှလဲ Ruto ကို စကားလာမပြောသလို ဘယ်သူ့ကိုမှလဲ သွားစကားမပြော..

သို့သော် သူအရမ်းကို စိတ်ဝင်စားတဲ့ ကောင်လေးတစ်ယောက်တော့ရှိသည်... စိတ်ဝင်စားသည်ဆိုသည်မှာ ကြိုက်တာမဟုတ်ပဲ သူနဲ့ ဆန့်ကျင်ဘက် ဖြစ်လွန်းတာကို စိတ်ဝင်စားခြင်းပင်..

ကောင်လေးဆိုပေမယ့် သူ့ထပ် အသက်ကြီးတာမို့ အတန်းမတူ...ဝါသနာအလျောက်ဝင်ထားတဲ့ ဂီတ club မှာပဲ တွေ့ရတဲ့ ပါးဖောင်းဖောင်းလေး မျက်လုံးလှလှလေးနဲ့ မျက်နှာသေးသေးဝိုင်းဝိုင်းရှိတဲ့ ထိုကောင်လေးက Kim Junkyu လို့ ခေါ်လေသည်...

Junkyu က အမြဲပြုံးရွှင်နေတတ်ပြီး Ruto လိုမျိုး  တစ်ယောက်တည်း လုပ်စရာရှိလုပ် ၊ မရှိရင်ပြန်တဲ့သူမဟုတ်ပဲ လူတိုင်းကိုလဲ ကူညီသေးသည်...  တစ်ခါတလေ Ruto က စကားမပြောရင်တောင် 'လိုအပ်တာရှိပြောနော်' ဟု အပြုံးလေးနဲ့ လာလာပြောတတ်သည်...

သို့သော် ထိုအချိန်တုန်းက အမှုမဲ့ အမှတ်မဲ့ပင် .. Ruto ဘက်က စကားပြန်မပြော... ခေါင်းညိမ့်ပြရုံလောက်သာ လုပ်ခဲ့သည်...

Ruto ရဲ့ မျက်နှာထားတည်မှုကြောင့် ကျောင်းက တစ်ချို့သော ကျောင်းသားတွေက သဘောမကျ... တစ်ရက်က အိမ်သာ ထဲမှာ အတန်းကြီးကျောင်းသား ၃ ယောက်နဲ့ အဝင်အထွက်ကြုံတော့  Ruto ကို တမင်သက်သက် ဝင်တိုက်ကြပြီး ပြဿနာရှာလေတော့သည်...

"ဟေ့ကောင် မင်း ဝင်တိုက်ပြီးရင် တောင်းပန်ရကောင်းမှန်း မသိဘူးလား"

နဂိုတည်းက စကားသိပ်မပြောချင်ရတဲ့ထဲ သူတို့က မတောင်းပန်တဲ့အပြင် ပြဿနာလာရှာတော့ Ruto အတော်ဒေါသထွက်သွားမိသည်...

*ငါ့ကို လာလုပ်ကြည့်.. ဖူးယောင်နေအောင် ပြန်လုပ်ပစ်မှာ... ငါ့ကို ဘာမှတ်နေလဲ*

Love Love Love Место, где живут истории. Откройте их для себя