Love Love Love (Final)

703 88 27
                                    

Junkyu ဂိမ်းဆော့ရတာလဲ စိတ်မပါ ... ရုပ်ရှင်ကြည့်ရတာလဲ စိတ်မဝင်စားတော့တာမို့ အိပ်ရာပေါ်မှာ ပက်လက်ကြီးလှန်ပြီး မျက်နှာကျက်ကိုသာ စိုက်ကြည့်နေမိတော့သည်...

စိတ်ထဲမှာ တွေးနေမိတာတော့ နှစ်ခုတည်း...

တစ်ခုက မောင်ပြောသွားတဲ့စကား...

"Junkyu ရဲ့ မောင် ဆိုတဲ့သူက ကျွန်တော်ဖြစ်ရင် အရမ်းကောင်းမှာပဲ"

နှင့် နောက်တစ်ခုက ...

*မောင် ဘာလို့ ဒီလိုပြောသွားတာလဲ* ဟူ၍ပင်...

မောင်က Junkyu သဘောကျနေတာကို သိနေတာလား? ဒါမှမဟုတ် Junkyu ကို သက်သက် လာ flirt တာလား...

ဒီကိစ္စကို Jihoonie နဲ့ တိုင်ပင်သင့်လား... Jihoonie သာဆို မောင် ဘာလို့ ဒီလိုပြောသွားလဲဆိုတာ ပြောပြနိုင်မယ်ထင်တယ်...

*Ting*

တစ်ယောက်တည်း အတွေးတွေလွန်နေတာ Message အသံမြည်လာမှ Junkyu အတွေးတွေ ရပ်နိုင်တော့သည်...

ကြည့်လိုက်တော့ Jeongwoo ဆီက ...

'Hyung .. ကျွန်တော်တို့ စာမေးပွဲလဲ ပြီးပြီဆိုတော့ Bar သွားကြမယ်လေ..'

Bar သွားမယ်ဆိုတော့ မျက်လုံးလေးများ ဝင်းလဲ့သွားရသည်... Jeongwoo ဆီ ချက်ချင်းပင် စာပြန်လိုက်သည်..

'အင်း သွားမယ်လေ.. ဘယ်တော့လဲ ... ဘယ်သူတွေပါသေးလဲ'

'၆ ခွဲလောက် စုံကြတာပေါ့ Hyung .. ဟိုလူဒီလူ စောင့်နေတာနဲ့ဆိုကျော်ကျော်လောက်မှ အေးအေးသောက်ဖြစ်ကြမှာ ...'

'ပါမှာကတော့ ထုံးစံအတိုင်း ကျွန်တော် ၊  Junghwannie , Haruto , နောက်ပြီး Hyung နဲ့ Jihoonie Hyung ပေါ့... ခုနက ဖုန်းဆက်တော့ Jihoonie Hyung က သူ့ကောင်လေးခေါ်လာမယ်ပြောတယ်'

Love Love Love حيث تعيش القصص. اكتشف الآن