Part 14
163 8 0
Zawgyi
"Hello...သူကြီး.."
"ဟဲလို....​အေး...​မောင်​ရင်​လား..."
သူကြီးမှာ အညာသားပီပီ
အသံကျယ်​ကြီးနှင့်​ ဖုန်းထဲမှ
အော်​​ပြော​လေသည်
"ဟုတ်​ကဲ့....သူကြီးတို့​နေ​ကောင်းကြလား.."
"​ရော်​...ဦးကြီးတို့ဆီက ​မောင်​ရင်
ဒီ​နေ့ပဲ ထွက်​သွားတာကို
ဦးကြီးတို့မယ်​ ပိုးမထိရင်
အ​ကောင်းကြီးပဲ​လေကွာ..."
"အာ...ဟုတ်​.."
လေထုမှာ တိတ်​ဆိတ်​သွားရာ
သူကြီးက သစ်​ရွက်​​ခြောက်​များ
လှည်း​ကျင်း​နေ​သော ​ကောင်​ငယ်​​လေးအား ကြည့်​လျက်
"​မောင်​ရင်​ ​မောင်​ရင့်​ခင်​ပွန်းကို
သိချင်​လို့ဖုန်းဆက်​တယ်​မဟုတ်​လား...
စကား​ဝေ့ဝိုက်​​မ​နေစမ်းနဲ့ကွယ်​..."
နောင်​ဆက်​မှာ ငြိမ်း​နှင့်​​​တွေ့တာကြာ​လေ
ငြိမ်းအကျင့်​များကူးလျက်
ဂုတ်​ပိုးကိုပွတ်​လိုက်​ကာ
"အာ...ဟုတ်​တယ်​ဗျ..."
"​အေး...ဦးကြီးတို့ကလည်း
အညာသား​တွေမို့ စကားဆို
တည့်​တိုး​ပြောတာပဲ ကြိုက်​တာကွ..
ဒီက​လေး အဆင်​​ပြေပါတယ်​..
ငါ့တူရ....အဲ....မနက်​က​တော့
အခန်းထဲမှာ အကြာကြီးဖြစ်​သွားတယ်​.."
သူကြီး၏ စကား​ကြောင့်
နောင်​ဆက်​ မျက်​​မှောင်​ကြုတ်​လိုက်​မိကာ ခါးပင်​မတ်​သွားရသည်
"ငြိမ်း ဘာဖြစ်​လို့လဲ...သူကြီး...
ငြိမ်းအဆင်​​ပြေရဲ့လား...
ကျွန်​​တော်​လာခဲ့ရမလား...
ဒီက​လေးက ကျွန်​​တော်​မရှိတာနဲ့ဗျာ.."
"ဟား...ဟား...."
သူကြီးမှာ အသံအုပ်​အုပ်​ကြီးနှင့်
ရယ်​ချလိုက်​​တော့ ငြိမ်းက
အလန့်​တကြားလှည့်​ကြည့်​သည်
သူကြီးက စိတ်​မပူရန်​ လက်​ကာပြလျက်
"ဘာဖြစ်​လို့လဲ...သူကြီး..."
"​ရော်​...​ခေတ်​လူငယ်​များ
တယ်​ခက်​ပါလားကွ...
မင့်​ခင်​ပွန်းမယ်​ ဘာမှမဖြစ်​ဘူးကွ...
အခု​တောင်​ မလုပ်​ပါနဲ့ဆိုတာကို
သစ်​ရွက်​​ခြောက်​​တွေလှည်း​နေ​လေရဲ့..."