Part 33
116 12 0
Zawgyi
"မရဘူး!!!"
"မရလို့မရဘူး ထွန်းသာ...မင်းက ငါ့လက်​​အောက်​ငယ်​သား​နော်​"
"အဲ့ဒါဆို အ​တော်​ပဲ...Boss၊ ကျွန်​​တော်​ အလုပ်​ထွက်​​တော့မယ်​၊ မနက်ဖြန်​ ရန်​ကုန်​ပြန်​မယ့်​ကားနဲ့လိုက်​သွား​တော့မယ်​...ဆာယိုနာရာ...."
လက်​ကိုတာ့တာပြပြီး ထွက်​သွားရန်​လုပ်​​နေ​သော ထွန်းသာကို ​နောင်​ဆက်​ ဂုတ်​ပိုးမှ ဖမ်းဆွဲထားလိုက်​သည်​။
ဘာလို့များ အဲ့​လောက်​​တောင်​ ငြင်း​နေမှန်းမသိ။
"မင်းအခုမသွားရင်​ ငါမင်းကို ​နောက်​ဘဝပို့​ပေးမယ်​"
"အဲ့ဒါလည်း​ကောင်းတာပဲ၊ ကျွန်​​တော်​ ဓားသွားယူ​ပေးမယ်​...ခဏပဲ​စောင့်​"
"ကျစ်​...ဘာဖြစ်​​နေတာလဲ၊ ထွန်းသာ...
မင်းဆရာ​လေးရှိလို့လား"
နောင်​ဆက်​ စိတ်​မရှည်​စွာ​မေးလိုက်​​တော့ ထွန်းသာ၏ ပါးနှစ်​ဖက်​သည်​နီရဲလာကာ
"မဟုတ်​ဘူး"
"မဟုတ်​လည်း သွားရမယ်​၊ မင်းအဓိက စုံစမ်းရမှာက အဲ့ဒီလူမို့လို့ပဲ"
"အဲ့ဒါဆိုလည်း ဟုတ်​တယ်​ Bossရာ
ကျွန်​​တော်​ အဲ့လူနဲ့ လွတ်​လွတ်​ကျွတ်​ကျွတ်​​နေ​တော့မလို့"
"မင်းကို​ရော မင်း​ယောကျာ်း​တော်​ခိုင်း​နေလို့လား၊ သူ့အ​ကြောင်းကိုသိချင်​ရုံပဲ"
ထွန်းသာ သိ​နေပါသည်​။
ဆရာ​လေးကိုကြည့်​ရုံနှင့်​ Bossလည်း ထွန်းသာနှင့်​ အ​တွေးတူမည်​ဆိုတာ..။
ဒါ​ပေမယ့်​ အခြား​လူ​တွေကိုခိုင်းမလို့ကို Bossက တိုက်​ရိုက်​ကြီးခိုင်းလာ​တော့ ဘယ်​လို​ရှောင်​လွှဲရမှန်းမသိ​တော့။
"ကျွန်​​တော်​....အဲ့ဒီလူနဲ့ မပတ်​သတ်​ချင်​ဘူး
Boss ကျွန်​​တော့်​ကို နားလည်​​ပေးလို့မရဘူးလား"
"ထွန်းသာ...ငါလည်းမင်းကို မချစ်​ခိုင်းဘူး၊ မင်းချစ်​လို့လည်းမရဘူး၊
အဲ့ဒီလူက တစ်​ချိန်​ချိန်​မှာ ငါ့​သေနတ်​​အောက်​က လူဖြစ်​လာနိုင်​တာမို့လို့...ငါ့​သေနတ်​နဲ့ တန်​မတန်​ သိချင်​ရုံပဲ"