Ep-1

101 7 2
                                    

Unicode

U.S ရဲ့ နာမည်ကြီး S & L Group ရဲ့ CEOတွေနေထိုင်တဲ့ အိမ်တော်ရဲ့ ဧည့်ခန်းတစ်နေရာတွင်

"ကိုကြီး ငယ်လေးကို အဲ့မုန့်လေး တချက်လောက် လှမ်းပေးပါဦး"

"အင်း"
Khaos ငယ်လေးပြောသော သူ့ဘေးရှိ မုန့်အားကမ်းပေးလိုက်သည်။

"အဲ့ cookies လေးတွေရော"

"အင်း"
Khaos တချက်ကြည့်လိုက်ပြီး ထပ်ပေးလိုက်ပြန်သည်။

"ကိုကြီး နောက်ပြီး...ပြီး....."

"ငယ်လေး!!!!!"

"နောက်ပြီးရင် အလုပ်တွေ ကူပေးမယ်လို့ ပြောမလို့ကို ဘာလို့လူကိုလာအော်နေတာလဲ!!!!!"
သူက ကိုယ့်ထက်မလျော့သော vocal နဲ့ ပြန်အော်လာသည်။ နားကိုအူသွားတာပဲ!!

"Sorry sorry!ငယ်လေး အဲ့မုန့်တွေ မနက်ကတည်းက စားနေတာလေ ထမင်းစားချိန်‌နီးနေပြီကို ထပ်‌ယူခိုင်းတယ်ထင်လို့ ကိုကြီး အော်မိသွားတာပါ။"
အမှန်က မုန့်တွေသာ တခုပြီးတခု စားနေတာ သူလုပ်ရမယ့် အလုပ်တွေ တခုမှ လာမကူသေးလို့ ထအော်လိုက်ခြင်း.....အလုပ်ကူမယ်လို့ ပြောလာမှ ထမင်းစားချိန်နီးနေလို့လို့ ပြောပြီး ရောချလိုက်ရသည်။ ထိုသို့မလုပ်လျှင် နဲနဲလေးပဲ လုပ်ခိုင်းမိတာကို ဘာညာဆိုပြီး ‌ပွားလာမှာ ကြောက်ရသေးသည်။ အငယ်ဆုံးကို အကြီးဆုံး ဖြစ်တဲ့ကိုယ်က ပြန်ကြောက်နေရသည့်အဖြစ်...

"နင်ကူလုပ်ရမှ ရတော့မှာ Elia ဒီစာရင်းတွေ ငါတို့ဆီပဲ ပုံပုံကျလာတာ များနေပြီနော်"

"Irisကလည်း ငယ်လေး ဟိုနေ့ကလည်းလုပ်ပေးထားတာကို...."
မျက်လုံး ပုတ်ခတ်ပုတ်ခတ်နှင့် လာကြည့်သော အငယ်မအား Iris စားပွဲပေါ်ရှိ fileနှင့် ကောက်ထုချင်စိတ်သာရှိသည်။

"နှမ်းစေ့လောက် လုပ်ထားကိုလား!!
နင့်အလုပ်တွေ ငါတို့ဆီ အပုံလိုက်ကျလာတာထည့်ပြောအုံး"

"အာ! အာ! ဗိုက်ဆာလိုက်တာ...ဗိုက်ဆာလိုက်တာ...ထမင်းသွားစားပြီနော် ဟီးဟီး"
ပြောရင်း ထမင်းစားခန်းထဲ လှစ်ခနဲ ဝင်သွားသောအငယ်လေးအား ကြည့်ရင်း Khaosတို့ လေးယောက်ပြုံး၍ ခေါင်းခါရုံသာတတ်နိုင်တော့သည်။
မောင်နှမအရင်းအချာတွေ မဟုတ်သော်လည်း အားလုံးထဲမှာ အငယ်ဆုံးလေးမို့ အားလုံးက အချစ်ပိုရပါသည်။အငယ်လေး ခံစားခဲ့ရတာတွေက လူနဲ့မှမမျှပဲကို။ပျော်ရွှင်ကာစကားပြောနေကြသည့် အငယ်လေးတွေကိုကြည့်ရင်းKhaos တွေးမိသည်က..
*နာကျင်စရာအတိတ်တွေကြားထဲက ငါတို့အကုန်လုံးရုန်းထွက်လာနိုင်ခဲ့ပြီပဲ.... ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေထိုင်သွားချင်ပြီ*ဟူ၍.......

The Direction Of The Heart Where stories live. Discover now