Ep-3

30 4 0
                                    

Unicode

ဗုဒ္ဓဟူးနေ့ နံနက် Starlight စံအိမ်တော်၏ နံနက်စာဝိုင်းတွင်....

"ငယ်လေး ဒီနေ့ W groupက CEOနဲ့ သွားတွေ့ရမှာနော်"
"ဟုတ် သိတယ်ကိုကြီး 11နာရီလောက်မှ သွားမလို့"

"အင်း....ကိုကြီး ငယ်လေးကားထဲမှာလည်း မုန့်တွေထည့်ပေးထားသေးတယ်"
ဒါကပုံမှန်ပင်။ မုန့်အရမ်းစားတတ်တဲ့ Elia နဲ့ Iris တို့ ကားထဲတွင် မုန့်မပြတ်ရှိနေတတ်သည်။ ကိုယ့်ဘာသာထည့်တယ်ဆိုတာ မရှိသလောက်ရှားပြီး အကိုသုံးယောက်ကပဲ ဝယ်ဝယ်ထည့်ပေးထားသည်။

"ဒါနဲ့ ကိုကြီး ငယ်လေးမေးစရာရှိလို့...W groupကလေ ဒီလို အပြင် designer ငှားလေ့မရှိဘူးမလား။အခုတစ်ခေါက်က ဘယ်လိုဖြစ်တာလဲ"

"ဟိုတလောကက ကိုကြီးတို့ companyဘက်က ဆောက်ထားတဲ့ hotelက ငယ်လေးဆွဲထားတဲ့ဒီဇိုင်းကို တွေ့ပြီး သူတို့ CEOက ချက်ချင်းဆက်သွယ်ခိုင်းလို့တဲ့"

"ဪ...ဟုတ် ကြိုပြောမယ်နော် ငယ်လေးပြောရတာ အဆင်မပြေဘူးဆိုရင် ငြင်းမှာ"

"ငယ်လေးသဘော"

"Ok"

"အကုန်ပြီးကြပြီမလား သွားရအောင်"

"အင်း‌.... ငယ်လေး အဲ့ကိုသွားတော့မယ်ဆိုရင် ဖုန်းဆက်"

"ဟုတ် ကိုလေး..အားလုံးဂရုစိုက်သွားကြပါ"

"Inn bye bye!!!"(All)

"Bye bye"
ကိုကြီးတို့ အကုန်ရုံးသွားတော့ Eliaတစ်ယောက်ထဲ အိမ်မှာကျန်ခဲ့သည်။ အခုမှ8နာရီသာ ရှိသေးသောကြောင့် ချိန်းထားသည့်အချိန်က အတော်လိုသေးသည်။ လုပ်စရာအလုပ်လည်းမရှိသောကြောင့် ficဖတ်လိုက် blကားကြည့်လိုက်သာ လုပ်နေလိုက်သည်။အတော်ကြာ ဖုန်းသုံးပြီး နာရီကို ကြည့်လိုက်တော့ 10ထိုးနေပြီဖြစ်သဖြင့် ရေချိုးရန်ပြင်လိုက်သည်။W group CEOနှင့် သွားတွေ့ရမည်လေ။အပေါ်ထပ်သို့ တပ်ကာ ရေချိုးအလှပြင်ပြီးတော့long sleeve  crop top အ‌ဖြူလေးဝတ်လိုက်ပြီး ‌ဘောင်းဘီကိုတော့ flared leg pant အနက်လေးကို ရွေးချယ်ဝတ်လိုက်သည်။အကျီအပေါ်ထပ်အတွက်တော့ oversized blazer အနက်ကိုယူ၍ Chanel medium flap bagကိုလည်း အနက်ရောင်ပဲယူကာ cardတွေထည့်ပြီးထွက်လာလိုက်သည်။အိမ်မှ မထွက်ခင် ကိုလေးဆီmessageလှမ်းပို့လိုက်ပြီး McLaren 720sလေးကို ကိုယ်တိုင်ပဲ မောင်းကာထွက်လာခဲ့တော့သည်။

You've reached the end of published parts.

⏰ Last updated: Oct 26, 2022 ⏰

Add this story to your Library to get notified about new parts!

The Direction Of The Heart Where stories live. Discover now